2 w - Translate

ရာသီဥတုအရေး မြှင့်တင်ဆောင်ရွက်မှုမပြုလုပ်လျှင် မျှော်မှန်းချက်ထက်ပိုပူမည်
--------------------
ကမ္ဘာ့အစိုးရတွေဟာ ရာသီဥတုဆိုင်ရာ လုပ်ဆောင်ချက်ကို မြှင့်တင်ခြင်းမပြုရင် ကမ္ဘာကြီးဟာ ရာစုနှစ်မကုန်မီ စက်မှုခေတ်ကြိုကထက် ၃ ဒီဂရီပိုမိုပူနွေးလာမှု ဖြစ်နိုင်ခြေကို ရင်ဆိုင်နေရပြီလို့ ကမ္ဘာ့မိုးလေဝသအဖွဲ့ WMO က စက်တင်ဘာ ၁၈ ရက်မှာ သတိပေးလိုက်ပါတယ်။

နောက်တစ်ကြိမ် ကမ္ဘာဂြိုဟ်အတွက် အနီရောင်သတိပေးချက် အသံမြည်နေပြီလို့ WMO အထွေထွေအတွင်းရေး မှူး ဆီလက်စတီ ဆော်လိုက ဂျီနီဗာမှာ သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။ သဘာဝ အယ်နီညို ရာသီဥတု ပုံစံ ပေါ်ပေါက်လာမှုနဲ့အတူ ရုပ်ကြွင်းလောင်စာတွေ လောင်ကျွမ်း မှုကြောင့် ရာသီဥတုပြောင်းလဲမှုဟာ ကမ္ဘာကို ၂၀၂၃ ခုနှစ်မှာ စံချိန်တင် နယ်မြေအဖြစ်ကို တွန်းပို့ခဲ့ပါတယ်။

ဒေတာဖော်ပြချက်တွေအရ ၂၀၂၄ ခုနှစ်ရဲ့ ပထမရှစ်လဟာလည်း စံချိန်တင်အပူဆုံးဖြစ်တယ်လို့ ဆော်လိုက ပြောပါတယ်။ နောက်ငါးနှစ်မှာ အနည်းဆုံးတစ်နှစ်ဟာ စက်မှုခေတ်ကြိုထက် ပျမ်းမျှအပူချိန် ၁ ဒသမ ၅ ဒီဂရီ စင်တီဂရိတ် ယာယီကျော်လွန်တဲ့ ပထမပြက္ခဒိန်နှစ်အဖြစ် အထိမ်းအမှတ်ပြုဖို့ ရာခိုင်နှုန်း ၈၀ အခွင့်အလမ်း ရှိကြောင်းလည်း ပြောပါတယ်။ သိပ္ပံပညာက ပြသနေတာဟာ ရှင်းလင်းပြီး လူသားတွေဟာ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုနဲ့ပတ်သက်တဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့ ဝေးကွာနေတယ်လို့ WMO အကြီးအကဲက သတိပေးခဲ့ပါတယ်။

image