2 w - Translate

ဓာတ်မြေဩဇာ ရည်ညွှန်းဈေး ပြောင်းလဲမှုမရှိ
-------------------------
ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီက စက်တင်ဘာလ ၁၆ ရက်ကနေ ၃၀ ရက် အထိ သတ်မှတ်ထားတဲ့ ရန်ကုန်အထိုင်ဈေး ဓာတ်မြေဩဇာ ရည်ညွှန်းဈေးတွေ ထုတ်ပြန်ရာမှာ အရင်အပတ်က ရည်ညွှန်းဈေးအတိုင်း ပြောင်းလဲမှု မရှိတာကို တွေ့ရပါတယ်၊၊ ရန်ကုန်အထိုင်ဈေး ဓာတ်မြေဩဇာ ရည်ညွှန်းဈေး တွေအနေနဲ့ ယူရီးယားမြေဩဇာ(အလုံးကြီး) ၅၀ ကီလို တစ်အိတ်ကို (၈၃,၀၀၀) ကျပ်၊ Rock Phosphate အခြေခံ ၁၅ ပတ်လည် ၅၀ ကီလို တစ်အိတ်ကို (၁၁၅,၀၀၀) ကျပ်နဲ့ Di Ammonium Phosphate အခြေခံ ၁၅ ပတ်လည် ၅၀ ကီလို တစ်အိတ်ကို (၁၂၈,၀၀၀) ကျပ် သတ်မှတ်ထားတာ ဖြစ်ပါတယ်၊၊

လက်ရှိထုတ်ပြန်လိုက်တဲ့ စျေးနှုန်းတွေဟာ ရန်ကုန်အထိုင်ဈေးနှုန်းတွေဖြစ်ပြီး ဒေသအလိုက် သယ်ယူ ပို့ဆောင် စရိတ်တွေအပေါ် မူတည်ပြီး စျေးနှုန်းအနည်းငယ် ပြောင်းလဲမှု ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်၊၊ ရည်ညွှန်းစျေး တွေကို သတ်မှတ်ချက်တွေနဲ့အညီ ဆက်လက်ထုတ်ပြန်ပေးသွားမှာဖြစ်ပြီး ရည်ညွှန်းစျေးနှုန်းတွေနဲ့ အညီ ရောင်းချတာမရှိရင် ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီနဲ့ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေး လုပ်ငန်းရှင်များ အသင်းတွေကို ဆက်သွယ်တိုင်ကြားနိုင်တယ်လို့ သိရပါတယ်၊၊

image