2 w - Translate

ရဲအကြီးအကဲကို ထုတ်ပစ်ရန် ဘင်ဂေါလ်အစိုးရ သဘောတူ
-------------------------
အိန္ဒိယနိုင်ငံ အနောက်ဘင်ဂေါလ်ပြည်နယ်အစိုးရက ဆန္ဒဖော်ထုတ်သူတွေရဲ့ တောင်းဆိုချက်အတိုင်း ပြည်နယ် မြို့တော် ကိုးလ်ကတ္တားရဲ့ ရဲတပ်ဖွဲ့အကြီးအကဲကို ရာဖူးကနေ ဖယ်ရှားဖို့ သဘောတူလိုက်ပါတယ်။ အလုပ်သင် အမျိုးသမီး ဆရာဝန် မုဒိမ်းကျင့် သတ်ဖြတ်ခံရမှုအပေါ် ဆန္ဒဖော်ထုတ်ကြတဲ့ ဆရာဝန်တွေနဲ့ တွေ့ဆုံဆွေးနွေးမှု တစ်ခုအပြီးမှာ ပြည်နယ်အစိုးရက ရဲတပ်ဖွဲ့အကြီးအကဲကို ရာထူးကနေ ထုတ်ပစ်ဖို့ တနင်္လာနေ့က သဘောတူခဲ့ တာပါ။

ဒါ့အပြင် ဆေးပညာရပ်ဆိုင်ရာ ဒါရိုက်တာနဲ့ ကျန်းမာရေးဌာန ဒါရိုက်တာတို့ကိုလည်း ရာထူးကနေ ထုတ် ပစ်ဖို့ သဘောတူကြောင်း ပြည်နယ်ဝန်ကြီးချုပ် မာမာတာ ဘာနာဂျီးက ပြောပါတယ်။ အသက်(၃၁)နှစ်အရွယ် အမျိုး သမီးတစ်ယေက်ရဲ့ သေဆုံးရုပ်အလောင်းကို အဲဒီအမျိုးသမီး အလုပ်လုပ်ရာ ပြည်နယ်အစိုးရဆေးရုံထဲမှာ တွေ့ရှိ ရတဲ့နောက် ပြည်နယ်တွင်း လက်ထောက်ဆရာဝန်တွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လ (၉)ရက်နေ့ကတည်းက လုပ်ငန်း ခွင်ကို ဆန္ဒဖော်ထုတ်နေခဲ့ကြတာပါ။

အဲဒီရာဇဝတ်မှုကြောင့် အိန္ဒိယတစ်တိုင်းပြည်လုံး စိတ်ဆိုးဒေါသ ထွက်ခဲ့ကြပြီး ကျန်းမာရေး ဝန်ထမ်းတွေရဲ့ ဘေးကင်းလုံခြုံမှုအတွက် စိုးရိမ်မှုတွေ လူထုကြားမှာ ရှိခဲ့လာပါတယ်။ လုပ်ငန်းခွင်ကို ဆန္ဒဖော်ထုတ်တဲ့ ဆရာဝန် တွေက သေဆုံးသူ ဆရာဝန်အတွက် တရားမျှတမှု ဖော်ဆောင်ပေးဖို့၊ ရဲအရာရှိကြီးတွေကို ရာထူးကနေ ထုတ်ပစ် ပေးဖို့၊ ကျန်းမာရေးဝန်ထမ်းတွေရဲ့ လုံခြုံရေးကို တိုးမြှင့်ပေးဖို့ အပါအဝင် အချက် (၅) ချက်ကို ပြည်နယ်အစိုးရထံ တောင်းဆိုထားကြပါတယ်။

image