2 w - Translate

Your skin but better ဆိုတဲ့အတ်ိုင်း

ဝက်ခြံ/ဝက်ခြံအမာရွတ်ရှိနေတဲ့ ကိုယ့်မျက်နှာကို full coverage နီးနီးပေးချလ်ိုက်ပြီး

ကိုယ့်လက်နဲ့ကိုယ် cleansing မလုပ်သရွေ့makeup တစ်နေ့ကုန် မရွေ့မပျက်ပဲ ကြာရှည်ခံလွန်းတဲ့

🌟Bella super star perfect matte foundation 🌟

အရောင်ကတော့ နှစ်ရောင်ရှိတယ် နှစ်ရောင်လုံးက warm tone type အဝါဖောက် မို့ cool tone တွေဆိုသိပ်အဆင်ပြေမယ်မထင်

အဝါဖောက် ကိုမှအသားဖြူသူအဆင်ပြေမယ့်ကာလာလေးပေါ့

20ကအသားလတ်သူအဆင်ပြေမယ်

ဆောင်းဒီ super star ကိုကြိုက်ရတဲ့ပထမဆုံးအကြောင်းအရင်းက

အသားအရေနဲ့တစ်ထပ်တည်းနီးနီးကျပြီး ကိုယ့်
အသားအရေကိုမှ တစ်ဆင့်လင်းတစ်ဆင့်ဝင်းပိုလှသွားစေတဲ့ feeling ပေးချလိုက်တာပဲ founds လိမ်းထားတယ်လို့တောင်ထင်ရက်စရာမရှိအောင် lightweight ဖြစ်လွန်းတာ

နောက်တစ်ခု ပထမတစ်ထပ်တည်းနဲ့တောင်coverage တော်တော်ရနေတာကွာ ဝက်ခြံအမာရွတ်ရှိသူဆိုနှစ်ထပ်လောက်ဆို full coverage နီးနီးရတယ်

နောက်ပြီး အချ်ိန်ကြာလေ မိတ်ကပ်သားတက်လေလှလေ တစ်စေ့လေးမှရွေ့မသွားတာ သူ့အားသာချက် ချွေးထွက်လေလှလေဆိုတာမျိုးကွာ

Primer effect ပါပါတော့ တစ်ချို့foundation တွေလိုမလိမ်းခင် primer တစ်ထပ်ခံနေစရာမလိုဘူးကွယ်

ပေါ့ပေါ့ပါးပါး အထုတ်လေးကိုကောက်ညှစ်ချပြီး လိမ်းချသွားရုံပဲ

အမာရွတ်များရင်အဲ့နားလေးကို မလိမ်းခင် color corrector ခံ concelar သဘောတစ်ထပ်အုပ် ပြီးမှ foundation လို့တစ်ထပ်ထပ်ဖြန့်လိမ်း ရှယ်ပဲအေ

အိတ်ဆောင်size လေးဆိုတော့
အရောင်ကိုက်မကိုက်စမ်းသုံးချင်လဲအဆင်ပြေသွားတယ် budget ချိန်သုံးချင်လဲအဆင်ပြေတယ်

ခရီးဆောင်လဲအဆင်ပြေသွားတယ်ကွယ်

#beautypartneringbysaung
#myanmarbeautyblogger
#bellabeastar
#bellasuperstarfoundation

image