2 w - Translate

ခရီးသွားခါနီး ဟိုဟာဒီဟာစုံပလုံစိအောင်ထည့်ချင်တဲ့
အားမေတို့ ဒီဘက်တချက်လာ 😅

ရှိလား ⁉️

အဆင်ထက် စကင်ကဲဖို့ ပိုစိတ်ဝင်စားတဲ့ကောင်မလေးတွေ

ဘယ်နေရာရောက်ရောက် တနေရာရာသွားဖို့ ပိုက်ဆံသာမပါရင်နေမယ် အလှပြင်ပစ္စည်း စကင်ကဲပစ္စည်းတွေဆို မှန်တင်ခုံတခုံစာလုံး မ
သွားချင်တဲ့ ကောင်မလေးတွေ ရှိလား 🥲

ရှိတယ်ဆို ရှိတ်လိုက်
မင်မင်လည်း အဲ့လိုထဲကဘဲ 😅🤣

လိမ်းဖြစ်တာမဖြစ်တာနောက် ကိုယ်နောက် set လိုက်လေးပါသွားရင်ကို ပြီးပြည့်စုံနေတာမျိုးလေးကွာ 🥺🌝

Glow nation ကြဖို့ အရေး ဒို့အရေး
စကင်ကဲသည်သာ ဘဝ ဆိုပီး ကြိတ်ကြူးတဲ့သူတွေပေါ့

ကိုယ်ကြိုက်တဲ့ Skincare Products တွေကိုကိုယ်နားစိတ်တိုင်းကျအချိန်ပြည့်လေးထားထားရတာကိုက ဘဝရဲ့ပြီးပြည့်စုံတဲ့အခိုက်အတန့်လို့တောင်လွန်လွန်ကြူးကြူးဖော်ပြလိုက်ချင်သေးတယ်

ကဲထားပါတော့ ခုက ဘာပြောချင်တာလဲဆိုတော့

ဒီအိတ်လေးအကြောင်းပြောပြချင်တာကွာ

အိတ်လေးကို online video တခုကနေတွေ့တာ
သူက သေးသေးကျစ်ကျစ်နဲ့ချစ်စရာလေးဆိုတော့ သဘောကျမိတာအမှန်ပေါ့ ပိုသဘောကျရတဲ့အချက်က
အဲ့ဗီဒီယိုမှာဆို အိတ်ထဲကနေ တခုပီးတခုထုတ်ပြလာတာ
စကင်ကဲဗူးပေါင်းမနည်းဘူး 😅😂

ဟယ်ဟုတ်ရောဟုတ်ပ့မလား
ဟုတ်ရဲ့လားဆိုပီး အတွေးပေါင်းသောင်းခြောက်ထောင်

ဒါပေမယ့်လေ မနေနိုင်လို့သွားမှာလိုက်တာ
မရောင်းပေးဘဲ လက်ဆောင်ပို့ပေးလိုက်တယ်ကွယ် 😖

ကိုယ်ကလဲသွားစရာရှိနေရတဲ့အထဲ လိုကလည်းလို
ကလိကလည်းကလိချင်တော့ မငြင်းနေတော့ဘူး
ပို့ပေးမယ်ဆိုတော့ ကျေးဇူးတွေဘာတွေတင်ရင်း ငါတကယ်ကြိုက်ရင် ဒီဟာလေး င့ဆိုင်မှာပါတင်ရောင်းမယ်ဆိုပီး စိတ်ကူးလိုက်သေးတယ် 😤😤
( လောဆယ်တော့ မအားသေးဘူး လစ်လိုက်အုံးမယ် )

ရောက်တာနဲ့ သူ့ချုပ်ရိုးချုပ်သားက သောင်းကျော်လေးနဲ့ထိထိမိမိလေး ပီးတော့ leather အသားအိအိလေးကွာ
ဇစ်လေးကအစ အကောင်းစားလေးမှန်းသိသာတာဘဲ

ထားပါတော့

အဲ့တာနဲ့ ကိုယ်လည်းခေါင်းအစ တမျက်နှာစာလုံးထည့်မယ်ဆိုပီး မြင်တဲ့အတိုင်းထည့်ချလိုက်တာ
အမလေးးးး ဘယ်ပြောကောင်းမလဲ

ရှင်တို့ယောကျာ်းတွေရဲ့အချစ်အတိုင်းဘဲ
အဖြေလည်းပေးပီးရော ဂရုစိုက်မှုတွေက ဘယ်ပျောက်သွားမှန်းမသိဆိုသလိုတွေ ဖြစ်ကုန် 😜😝

အလကား နောက်တာ 😁😁

တကယ် တကယ် အကုန်ကြီးဆန့်တာနော ဒလောက်ဗူးတွေကဘယ်လိုလေးတောင်ဆံ့သွားလ်ိုက်လဲ

မသိရင် ကိုးရီးယား အဆင်တွေ ကို ကိုယ့်နှလုံးသားထဲ
ဟော့တယောက်ဟော့တယောက်ထည့်လိုက်ရသလို
ထည့်သလောက်ဆန့်တာကြီး

ပြောချင်တာကဟယ်
မိန်းမမှန်ရင် တလုံးတော့ဝယ်

စိတ်မကြည်ရင် အနားမှာရှိတဲ့ယောကျာ်းပါ အဲ့အိတ်ထဲကောက်ထည့် ပိပိရိိရိနဲ့ပျောက်သွားလောက်တယ်ဆိုတာဘဲ 😂🤣

( မြင်သာထင်သာရှိကြရဲ့လားဟင် 🤓)

မနောက်ဘဲအတည်ပြောရရင် Must Buy ပါ
တလုံးလောက်ကတော့ မှန်တင်ခုံရှိတဲ့အိမ်တိုင်းရှိသင့်တယ်
ခရီးထွက်ခါနီး သေသေသပ်သပ်နဲ့ အစုံလေးထည့်သွားလို့ရတာမို့ တကယ့်ကိုမှ အသုံးဝင်တာလေးပါ

ဘယ်မှာဝယ်လို့ရလဲဆိုတာတော့ ခဏလေး
Link ပြန်ရှာပီး မန့်မှာချပေးမယ်

သဘောကျလို့ရေးထားတာမို့ အခုလို ဘာနေနေထည့်ဆန့်တာလေး ဝယ်ဖို့ရှာနေရင် မျက်စိမှိတ်ပီးသာတလုံးဝယ်ပါနော နောင်တမရမှာအသေအချာပါဘဲ

ဒါပဲ လက်ညောင်းတယ်
ဂွပ်

#reviewwithme #reviewpost #crd

image