3 w - Translate

ပွဲစဉ်များပြားမှုအပေါ် ဝေဖန်မှုများ မြင့်တက်လာ
----------------------
မန်စီးတီးအသင်းရဲ့ကွင်းလယ်ကစားသမား ရိုဒရီက တစ်ရာသီအတွင်း နိုင်ငံအသင်းနဲ့ ကလပ်အသင်းတွေမှာ ကစားရမယ့် ပွဲစဉ်တွေ များပြားလွန်းနေတဲ့အပေါ် စက်တင်ဘာလ(၁၇)ရက်နေ့က ဝေဖန်သွားခဲ့ပါတယ်။ အခု ဘောလုံးရာသီမှာ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ ကွန်းဖရန့်လိဂ် စတဲ့ ဥရောပပြိုင်ပွဲတွေကို ပုံစံသစ်နဲ့ကျင်းပနေပြီး ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း အသင်းအရေအတွက် (၃၂)သင်းအထိ တိုးမြှင့်လိုက်တာပါ။

ဒါကြောင့်မလို့ ကစားသမားတွေအနေနဲ့ နိုင်ငံပွဲစဉ်တွေ ကစားရတဲ့အပြင် ကလပ်အသင်းပွဲစဉ် အရေအတွက်က လည်း များပြား လာတာကြောင့် ရိုဒရီက အခုလို ဝေဖန်သွားခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲကြီးကြပ်သူတွေအနေနဲ့ ကစားသမားတွေကို အခုလိုမျိုး ပွဲစဉ်တွေ များပြားစွာ ကစားခိုင်းနေဦးမယ်ဆိုရင် ကစားသမားတွေကလည်း ဒီဆုံးဖြတ်ချက်တွေအပေါ် ဆန့်ကျင်ဖို့အတွက် နီးစပ်နေပြီလို့ ရိုဒရီက ပြောကြားခဲ့ပါတယ်။

အခုအချိန်မှာ ပွဲစဉ်တွေ များပြားလွန်းနေတာက ကစားသမားတွေအတွက် မကောင်းသလို ဒီတိုင်းသာဆက်လုပ် နေဦးမယ်ဆိုရင် ဆန့်ကျင်ဖို့ကလွဲလို့ တခြား ရွေးချယ်စရာ နည်းလမ်းမရှိဘူးလို့လည်း ရိုဒရီက ဆက်လက်ပြော ကြားခဲ့ပါတယ်။ ပွဲစဉ်တွေ များပြားလာတဲ့အပေါ် လီဗာပူးအသင်းရဲ့ဂိုးသမား အလီဆင်အပြင် ဒီဘရိုင်း၊ အကန်ဂျီ၊ ရိုဒရီ စတဲ့ မန်စီးတီးကစားသမားတွေကလည်း ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

image