3 w - Translate

ခရမ်းသီးနှပ်🍆🍆

ခရမ်းသီး
ပုဇွန်ခြောက်
ကြက်သွန်နီပါးပါးလှီး
နနွင်းမှုန့်
ငရုပ်သီးအရောင်တင်မှုန့်
ဆီ
အချိုမှုန့်
ဆား

ခရမ်းသီး ၄ ခြမ်း ခြမ်းပြီး ဆားနဲ့ ဆေးရေစစ်ထား

အိုးထဲ ဆီထည့် ကြက်သွန်နီပါးပါးလှီးထားတာထည့် နနွင်းအနည်းငယ်ထည့် ငရုပ်အရောင်တင်မှုန့်ပါထည့်ပြီး ဆီသတ် ငရုပ်သီးအရောင်ရဲလာရင် ခရမ်းသီးထည့် ဆီမွှေးသတ် ၃ မိနစ်လောက်ကြာရင် ပုဇွန်ခြောက်/ အချိုမှုန့် / ဆား ရေအနည်းငယ်ထည့်ပြီး အဖုံးလေးအုပ်ထား အရည်များများစားချင်ရင် ရေအနည်းငယ်ချန်ချက် ဆီပြန်စားချင်ရင်တော့ ရေခမ်းအောင် ချက်လိုက်ရုံလေးပဲ

image