3 w - Translate

နောက်ထပ် မုန်တိုင်း တလုံး ထပ်လာပါပြီ၊ ၄၈ နာရီပဲ အချိန်ရပါတော့မယ် ပြီးခဲ့တဲ့ စူပါမုန်တိုင်းလောက် မကြီးပေမဲ့ ကြိုတင်ပြင်ဆင်ရပါမယ်
(မုန်တိုင်းသတင်း နားစွင့်ပြီး အားဖြည့်ထားကြပါ၊ အခုကတည်းက ကြိုတင်ပြင်ဆင်ကြပါ)

ပရဟိတအဖွဲ့တွေနဲ့ ရေဘေးအလှူရှင်တွေ မုန်တိုင်းသတင်း နားစွင့်ပြီး အားဖြည့်ထားကြပါ။ Yagi မုန်တိုင်းလမ်းကြောင်းအတိုင်း နောက်မုန်တိုင်း တလုံး ၀င်လာတော့မှာပါ။ သေချာသလောက် ဖြစ်သွားပါပြီ။ ပြီးခဲ့တဲ့ စူပါမုန်တိုင်းလောက် မကြီးပေမဲ့ တိုင်ဖွန်း မုန်တိုင်း ဖြစ်နေတာကြောင့် ကြိုတင်ပြင်ဆင်ရပါမယ်။ (မိုးလေ၀သပညာရှင်တချို့က တိုင်ဖွန်းမုန်တိုင်းအဆင့်မှ လျော့ကျပြီး လေဖိအားနည်းရပ်၀န်းလို့လဲ ဆိုပါတယ်) Hong Kong Observatory က အပူပိုင်းဆိုင်ကလုန်းလို့ ဆိုပါတယ်။ အတည်တကျ ပြန်လည်ထူထောင်ရေးတွေကို တစ်ပတ်ခန့် ရပ်နားပြီး ယနေ့မှစ၍ ကြိုတင်ပြင်ဆင် ရှောင်ရှားဖို့ လိုအပ်ပါမယ်။
ယခု ရေကြီးခဲ့တဲ့ ဒေသတွေမှာ မိုးသည်းသည်းမဲမဲ (မိုးရေချိန် ၁၀ လက်မ ၀န်းကျင်ပြန်ရွာနိုင်တာမို့ ကြီးမားတဲ့ ရေဘေး ထပ်မံ ဖြစ်လာနိုင်ပါတယ်။ စက်တင်ဘာ ၂၀ ရက် ညပိုင်းမှ စ၍ မွန်ပြည်နယ် ၊ ကရင်ပြည်နယ်တွေမှာ မိုးရေချိန် ၁၀လက်မ ရွာနိုင်ပါတယ်လို့ ဆိုပါတယ်။ မြ၀တီမြို့မြောက်ဘက်မိုင်အကွာကနေ ဖြတ်မှာမို့ ကရင် ၊ မွန်၊ ကရင်နီ ၊ ပဲခူးအရှေ့အနောက် ၊ နေပြည်တော် ၊ မကွေး စစ်ကိုင်းအောက်ဘက် နဲ့ ရခိုင်တွေမှာ မိုးပြင်းထန်စွာရွာသွန်းနိုင်ပါတယ်။ (လေဖိအားနည်းရပ်၀န်းက ရခိုင်ကမ်းလွန်မှာ ပင်လယ်ထဲ ဆင်းသွားပြီး မုန်တိုင်းငယ်ပြန်ဖြစ်လာမယ်ဆိုရင် ရခိုင်ဒေသ အထူးဂရုစိုက်ဖို့လိုကြောင်း တွက်ပြကြပါတယ်) ယခင်ရေကြီးခဲ့တဲ့နေရာတွေက မြစ်၊ချောင်းတွေမှာ ရွံနွံ ၊ နုန်းတွေ ပြည့်နေတာကြောင့် ချောင်းအနက်နဲ့ မြေက တပြေးညီဖြစ်သွားပြီမို့ ဒီတစ်ခါ တောင်ကျရေက ပိုမို လျင်လျင်မြန်မြန် ပြင်းပြင်းထန်ထန် စီးကျလာနိုင်ကြောင်း သတိပေးပါတယ်။
ရေမြင်မှ ပြေးဖို့ အချိန်မရှိပါဘူး။ မြစ်နား၊ ချောင်းနားမှာ ရှိခဲ့တဲ့ ၊ မပြိုမပျက်သေးတဲ့ အိမ်တွေမှာ လတ်တလော ပြန်နေဖို့ မသင့်တော့ပါဘူး။ ကုန်းမြေအမြင့် ရေလွတ်ရာကို ကြိုတင်ရှာဖွေဖို့ ၊ ရေမှာ ပေါ့တဲ့ အရာ (ရေသန့်ဘူး ၊ ဖော့ဘူး) ရှာဖွေဖို့ အချိန်လုံလောက်ပါသေးတယ်။ ပြီးခဲ့တဲ့ မုန်တိုင်းကြောင့် ရေပြည့်ခဲ့ပြီဖြစ်တဲ့ ဆည်တွေက အခြေအနေ ဆိုးရွားနိုင်ပါတယ်။ အန္တရာယ်ရှိလာနိုင်ပါတယ်။ ဆည်ကျိုးပေါက်တာ ဖြစ်လာနိုင်တဲ့အတွက် ဆည်အောက်ဘက်မှာ နေတဲ့ မြို့ရွာက ပြည်သူတွေ ရှောင်ရှားဖို့ လိုပါတယ်။
၂၀ရက်နေ့ ညဦးပိုင်းမှာ မိုးစတင်ရွာလာမှာမို့ ၄၈နာရီကျော် ပြင်ဆင် ရှောင်ရှားချိန် ရပါသေးတယ် (ရေတက်လာမှ ရှောင်မယ်လို့ မတွေးကြနဲ့ခင်ဗျာ ပြီးခဲ့တဲ့ရေဘေးမှာ အများဆုံး အသက်ဆုံးရှုံးရတဲ့သူတွေဟာ ရေတက်လာမှ ရှောင်ကြလို့ပါ.. အခုတစ်ခေါက်က မြစ် ၊ ချောင်းတွေ ရွံနွံနဲ့ ကောကုန်ပြီမို့ ရေတက်နှုန်း ပိုမြန်နိုင်ပါတယ်) ယခု ၄ ရက်အတွင်းမှာ မုန်တိုင်းသတင်းအခြေအနေကို အထူးနားစွင့်ထားဖို့လိုအပ်ပါတယ်။ မိုးလေ၀သ ပညာရှင်တွေရဲ့ ထုတ်ပြန်ကြေငြာချက်ကို စောင့်ကြည့်ပါ။ ကြိုတင်ပြင်ဆင် ရှောင်ရှားကြပါ။ (Min Khant Aung

image