3 w - Translate

#အသက်၂၅ကနေအသက်၅၀အတွင်းမှာဖြစ်ပွားလေ့ရှိတဲ့တင်းတိတ်ပြဿနာ

တင်းတိတ်ဟာ များသောအားဖြင့်အသက် ၂၅ကနေ အသက်၅၀အရွယ် အမျိုးသမီးတွေအဖြစ်များပါတယ်။ အမျိုးသားတွေလည်းဖြစ်တယ်ဆိုပေမယ့် တွေ့ရနည်းပါတယ်။

အဖြစ်များတဲ့ အကြောင်းရင်းကတော့ မြန်မာမိန်းကလေး အများစုလိမ်းကြတဲ့သနပ်ခါးကအသားအရေကိုခြောက်သွေ့စေပြီး နေလောင်ဒဏ်ကို အပြည့်အဝမကာကွယ်နိုင်တဲ့အတွက်ကြောင့် မျက်နှာအသားအရေတွေပေါ်ကို တင်းတိတ်ဆိုတဲ့အရာရောက်လာတာပဲဖြစ်ပါတယ်။

ဒါကြောင့် သနပ်ခါးဟာ မျက်နှာအသားအရေကိုအေးမြစေတယ်ဆိုပေမယ့်လည်း နေလောင်ဒဏ်ကိုတော့မကာကွယ်နိုင်ပါဘူးနော်။

ဒါ့အပြင်မျိုးရိုးလိုက်ခြင်း၊အသားအရည်မှာရေဓါတ်နည်းခြင်း၊နေလောင်ဒဏ်မကြာခဏခံရခြင်းနဲ့ဟော်မုန်းပြောင်းလဲမှုတွေကြောင့်လည်း တင်းတိတ်ဖြစ်တတ်ပါတယ်။

တင်းတိတ်နဲ့ပတ်သက်ရင်တော့ ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုကောင်းပါတယ်နော်။ဒါ့ကြောင့် ရေဓာတ်ပြည့်ဝနေစေဖို့ ရေများများသောက်ပါ။

မိမိနဲ့ကိုက်ညီတဲ့ Moisturizer cream တွေလိမ်းပါ။သနပ်ခါးမလိမ်းခင် Sunscreen,Sun Protector ကို နေ့စဉ်မပျက်လိမ်းပါ။Scrub,Peeling လုပ်ပြီးရင် နေပူထဲမထွက်ပါနဲ့။

image