3 w - Translate

ရေဘေးသင့်ဒေသများအတွက် အမိုးသွပ်များ စျေးလျှော့ရောင်းမည်
------------------------------
လက်ရှိမှာ ဖြစ်ပေါ်နေတဲ့ ရေကြီးရေလျှံမှုတွေကြောင့် အခက်အခဲရင်ဆိုင်နေရတဲ့ ရေဘေးသင့်ဒေသတွေအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ အသုံးပြုနိုင်ဖို့ အမိုးသွပ်တွေကို သက်သာတဲ့ နှုန်းထားနဲ့ စျေးလျော့ ရောင်း သွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ်က စက်တင်ဘာ ၁၇ ရက် မှာ ထုတ်ပြန်ပါတယ်၊၊

အဲဒီလို အမိုးသွပ်တွေကို သက်သာတဲ့နှုန်းထားနဲ့ စျေးလျော့ရောင်းချရာမှာ အမိုးသွပ်အချပ် ရေ ၃ သောင်းကျော်ကို ကာလပေါက်စျေးရဲ့ ၄၀ ရာခိုင်နှုန်း လျော့စျေးနဲ့ သက်သာတဲ့ နှုန်းထားဖြစ်တဲ့ ၁ ပေ စျေးနှုန်း ၂၅၀၀ ကျပ်နဲ့ ရောင်း ချပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်၊၊

အဲဒီလို ရောင်းချရာမှာ အလှူရှင်တွေ၊ အသင်းအဖွဲ့အစည်းတွေ၊ ပရဟိတ အသင်းတွေအနေနဲ့ လှူဒါန်းလိုတဲ့ မြို့နယ်၊ သွပ်ပြားအရေအတွက် ဘယ်လောက် လှူဒါန်းမှာကို ဖော်ပြကာ လျှောက်လွှာနဲ့ အမြန်ဆုံး လာရောက် လျှောက်ထားနိုင်ပြီး ဦးရာလူစနစ်နဲ့ စိစစ်ရောင်းချပေးသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုတွေကြောင့် နောက်ဆုံးကောက်ယူရရှိတဲ့ စာရင်းတွေအရ လူနေအိမ် ပျက်စီးမှု အနေနဲ့ ၁၉၁၅ လုံး လုံးဝ ပျက်စီးခဲ့ပြီး ၂၀၁ လုံးမှာ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ကာ ရေဝင်နစ်မြုပ်မှုမှာ ၁၅၈၃၄၃ လုံး ရှိတယ်လို့ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာ ၁၇ ရက်က သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

image