3 w - Translate

ကြိုတင်စစ်ဆေးခဲ့လျှင် တိုင်တန်သင်္ဘောဖြစ်စဉ်ကို တားဆီးနိုင်ဖွယ်ရှိ
-----------------------
အမေရိကန်ဘေးကင်းလုံခြုံမှုရေးရာ အာဏာပိုင်အဖွဲ့(OSHA)ကသာ သူ့ရဲ့တိုင်ချက်ကို အရေးတယူ စုံစမ်းစစ်ဆေး ခဲ့ရင် OceanGate ရေငုပ်သင်္ဘော ပေါက်ကွဲပျက်စီးမှုကို တားဆီးနိုင်ခဲ့မှာဖြစ်တယ်လို့ အဲဒီ ကုမ္ပဏီရဲ့ ဒါရိုက်တာ ဟောင်း ဒေးဗစ် လော့(ခ်)ရစ်က ပြောပါတယ်။

ဒါရိုက်တာဟောင်းဖြစ်သူ လော့(ခ်)ရစ်က OceanGate ကုမ္ပဏီ ဟာ ငွေရှာဖို့ပဲ အဓိကထားပြီး သိပ္ပံပညာဆိုင်ရာ နည်းနာတွေကို အလေးမထားကြောင်း တနင်္လာနေ့က ဝေဖန် သွားခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် ဇွန်လတုန်းက အတ္တ လန္တိတ်သမုဒ္ဒရာ ကြမ်းပြင်အောက်က တိုင်တန်းနစ် သင်္ဘောပျက် ရှိရာကို လေ့လာရေးခရီးသွားတဲ့ တိုင်တန် ရေငုပ်သင်္ဘောဟာ ရေအောက်မှာပဲ ပေါက်ကွဲပျက်စီးသွားခဲ့တာပါ။

အဲဒီရေငုပ်သင်္ဘော ပေါက်ကွဲ ပျက်စီးခဲ့ရတဲ့ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေတဲ့ အမေရိကန် ကမ်းရိုးတန်း အစောင့် တပ် စုံစမ်းစစ်ဆေးရေးအဖွဲ့ရှေ့မှောက်မှာ ထွက်ဆိုရာမှာ အခုလို ပြောသွားခဲ့တာပါ။ လော့ခ်ရစ်က ၂၀၁၈ ခုနှစ်က အဲဒီရေငုပ်သင်င်္ဘောရဲ့ ဘေးကင်းလုံခြုံမှုနဲ့ ပတ်သက်ပြီး စိုးရိမ်ရကြောင်း ဖော်ပြထားတဲ့ အစီရင်ခံစာ တစ်စောင် ကိုလည်း ဖော်ပြခဲ့ပြီး အဲဒီသင်္ဘောမစ်ရှင်ကို သူ့အနေနဲ့ လက်မှတ်ထိုးအတည်ပြုပေးဖို့ အကြောင်းမရှိခဲ့ကြောင်းနဲ့ သင်္ဘောတည်ဆောက်မှုပိုင်းကိုလည်း အယုံအကြည်မရှိခဲ့ကြောင်း သူက ဆက်ပြောပါတယ်။

သူ့အနေနဲ့ ဘေးကင်း လုံခြုံရေး အာဏာပိုင်အဖွဲ့ OSHA)ထံ အဲဒီသင်္ဘောရဲ့ ဘေးကင်းလုံခြုံမှုအပေါ် စိုးရိမ်ရ ကြောင်း အီးမေးလ်နဲ့ အသိ ပေး အကြောင်းကြားမှု လုပ်ခဲ့ပေမဲ့ တာဝန်ရှိသူတွေက ချက်ချင်း စုံစမ်းစစ်ဆေးမှု မလုပ်ခဲ့တဲ့အတွက် စိတ်ပျက်ခဲ့ ရကြောင်းလည်း ပြောကြားခဲ့ပါတယ်။

image