3 w - Translate

ရေဘေးသင့်ပြည်သူများအတွက် ဒေါ်လာ ၅ သိန်း နော်ဝေ ထောက်ပံ့
-------------------------
မြန်မာနိုင်ငံက ရေဘေးသင့်ပြည်သူတွေအတွက် နော်ဝေနိုင်ငံက အမေရိကန်ဒေါ်လာ ၅ သိန်း ထောက်ပံ့ကူညီခဲ့ တယ်လို့ ရန်ကုန်မြို့ နော်ဝေသံရုံးက ထုတ်ပြန်ပါတယ်။ နော်ဝေနိုင်ငံဟာ UNOPS ရဲ့ ဘက်စုံရန်ပုံငွေ ယန္တရား အလှူရှင်တွေနဲ့ ပူးပေါင်းကာ ရေဘေးသင့် ရပ်ရွာတွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ အမြန်ဆုံးဆောင်ရွက်နိုင်ဖို့ ထောက်ပံ့ကူညီခဲ့တာလို့ ဆိုပါတယ်။

ထောက်ပံ့မှုအနေနဲ့ အမိုးအကာ၊ အစားအစာ၊ ရေသန့်၊ အခြေခံဆေးဝါးတွေ နဲ့ အရေးပေါ် ကယ်ဆယ်ရေး ပစ္စည်း တွေ ပါဝင်ပြီး နော်ဝေကြက်ခြေနီအသင်းနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေဟာ မြန်မာနိုင်ငံကြက်ခြေနီအသင်းက တစ်ဆင့် အသုံးအဆောင်ပစ္စည်းတွေ၊ ကျန်းမာရေးအတွက် ငွေသားနဲ့ အစား အသောက်ပါဆယ်ထုပ်တွေကို ဖြန့်ဝေ ပေးနေတယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် နော်ဝေ နိုင်ငံဟာ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ ရေဘေးသင့်ပြည်သူတွေရဲ့ လိုအပ်ချက်တွေ ကို ဆန်းစစ်ပြီး အကူအညီတွေ အမြန်ဆုံး ရောက်ရှိရေး လုပ်ဆောင်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

image