3 w - Translate

ဓာတ်တော်အနေကဇာတင်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ
-----------------------
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မဟာချူလာလောင်ကွန်းတက္ကသိုလ်မှာ စက်တင်ဘာ(၁၇)ရက် မနက်ပိုင်းက မြတ်စွာဘုရားရဲ့လျှာတော်ဓာတ်၊ သွေးတော်ဓာတ်၊ အသားတော်ဓာတ်နဲ့ ရဟန္တာဓာတ်တော်တွေကို ဘုရားအနေ ကဇာတင်လှူတာနဲ့ (PhD, MA , BA)ဘွဲ့တွေရယူနိုင်ဖို့ ပညာသင်ကြားနေတဲ့ နိုင်ငံတကာမှ ဗုဒ္ဓဘာသာရဟန်း သံဃာတော်အပါး(၇၅၀)ကို နေ့ဆွမ်းကပ်တာနဲ့ ဆွမ်းဆန်းစိမ်းလောင်းလှူပွဲကြီးကို ကျင်းပခဲ့ပါတယ်။

ရန်ကုန်မြို့၊ အလိုတော်ပြည့်ကျောင်းတိုက်က အလိုတော်ပြည့်ဆရာတော်ကြီးရဲ့ လက်ထောက်တပည့်ရင်း ဆရာတော် အသျှင် ကုမာရ ဦးဆောင်ပြီး ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံက အလှူရှင်တွေ စုပေါင်းပြီး အခုလိုကျင်းပ ပြုလုပ်တာ ဖြစ် တယ်လို့ သိရပါတယ်။

အဲဒီအခမ်းအနားကို ဗုဒ္ဓဘာသာရဟန်းသံဃာတော်တွေ ကြွရောက်ခဲ့ကြပြီး ထိုင်းနိုင်ငံက တာဝန်ရှိသူတွေ၊ အလှူ ရှင်တွေနဲ့ အနုပညာရှင်တချို့လည်း တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ အလိုတော်ပြည့်ဆရာတော်ကြီးကို ဦးထိပ်ထားပြီး အလိုတော်ပြည့်ဆရာတော်ကြီးနဲ့ ဆရာတော်အသျှင်ကုမာရတို့ ရဲ့ ကွယ်လွန်သွားပြီးဖြစ်ကြတဲ့ ဖခမည်းတော်၊ မယ်တော်နဲ့ဆွေတော်မျိုးတော်တွေကို ရည်စူးပြီး အခုလို လှူဒါန်း တာ ဖြစ်တယ်လို့ သိရပါတယ်။

image