3 w - Translate

Shogun စီးရီးအောင်မြင်မှုနှင့်အတူ ဂျပန်ဓားခုတ်နည်းလေ့လာသူတိုးမြင့်
--------------------------
တိုကျိုမြို့လယ်မှာ လူတွေကို ဂျပန်ဓားခုတ်နည်းသင်ပေးတဲ့ အလုပ်ရုံတစ်ခုမှာ ဆာမူရိုင်းတွေရဲ့ စစ်မှန်တဲ့ အတွေ့ အကြုံကို ရှာဖွေတဲ့ ကမ္ဘာလှည့်ခရီးသည်တွေ တိုးမြင့်လာနေပါတယ်။ သင်တန်းကို တိုကျိုဆာမူရိုင်းဇာတ်ရုံလို့ ခေါ်တဲ့ ဒိုဂျို ကာဇူကို မစ်ဆူအီ နေရာမှာ ဖွင့်လှစ်ထားတာပါ။ သင်တန်းသားတွေဟာ ရက်ထားတဲ့ကျူဖျာတွေကို ဂျပန်ဓားအစစ်နဲ့ ခွဲခြမ်းစိတ်ဖြာ လေ့ကျင့်နိုင်မှာ ဖြစ်ပါတယ်။

ဂျပန်ဓားတစ်ချောင်းရဲ့အလေးချိန်နဲ့ ဓားကို ဘယ်လို ကိုင်တွယ်ရမလဲ၊ ပြိုင်ဘက်ကို ဘယ်လိုခုတ်ရမလဲဆိုတာ သိလာတယ်လို့ ပါဝင်လေ့ကျင့်ခဲ့တဲ ဒတ်ခ်ျ အင်ဂျင်နီယာ တစ်ယောက်က ပြောပါတယ်။ ဆာမူရိုင်းတွေနဲ့ ခေတ်ပြိုင် စစ်သူကြီးတွေအကြောင်း ဂျပန်ဒရာမာစီးရီး “Shogun” (ရှိုူဂွန်)ဟာလည်း ထူးခြားစွာပဲ ဒရာမာ တစ်ရာသီအတွက် အကောင်းဆုံး အမ်မီဆု ၁၈ ဆု ရခဲ့ပါတယ်။ ဂျပန် အင်ပါယာခေတ်နောက်ခံ ဇာတ်လမ်းတွဲဟာ အကောင်းဆုံးဒရာမာဆုနဲ့ ခေါင်းဆောင်မင်းသား ဟီရိုယူကီ ဆာနာဒါနဲ့ အန်နာ ဆာဝါအီတို့အတွက် အကောင်း ဆုံးသရုပ်ဆောင်ဆုတွေ ရရှိခဲ့ပါတယ်။

သရုပ်ဆောင်တွေနဲ့ စီးရီးကြောင့် ဂျပန်ရှေးဟောင်းယဉ်ကျေးမှုဟာ ယနေ့ခေတ်မှာ အသက်ဝင်လာပြီး ကမ္ဘာ တစ် ဝန်းကလူတွေ တီဗီစီးရီးရဲ့ ဇာစ်မြစ်အကြောင်း လေ့လာကြတဲ့အတွက် ဝမ်းသာမိတယ်လို့ ဂျပန်ဓားခုတ်ဆရာ ဂန်းဆိုင်း ကာမီဒဲ က ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်ကစပြီး ဓားခုတ်နည်းလေ့လာသူ ရာခိုင်နှုန်း ၁၅၀ ကနေ ၂၀၀ အထိ တိုးလာပြီး တီဗီစီးရီးရဲ့ အကျိုးသက်ရောက်မှု ရှိနိုင်တယ်လို့ သိရပါတယ်။

image