3 w - Translate

ထိုင်းရောက်မြန်မာများ ရေဘေးအတွက် လှူဒါန်း
-------------------------
မြန်မာနိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့တာကြောင့် ရေဘေးသင့်ပြည်သူတွေအတွက် ထိုင်းနိုင်ငံရောက် မြန်မာတွေကလည်း ဆက်သွယ်လှူဒါန်းမှုတွေ ပြုလုပ်နေတယ်လို့ ဘန်ကောက်မြို့ မြန်မာသံရုံးက ထုတ်ပြန် ပါတယ်၊၊ မြန်မာသံရုံး(ဘန်ကောက်)နဲ့ ကောင်စစ်ဝန်ချုပ်ရုံး(ချင်းမိုင်)တို့ကို ဆက်သွယ်ပြီး လှူဒါန်းနေရာ စက်တင် ဘာ ၁၄ ရက်အထိ ဆန်အိတ် ၄၀၀ ကျော်နဲ့ ငွေသား ဘတ် ၁ သိန်းကျော် လက်ခံရရှိထားတယ်လို့ ဆိုပါတယ်။
ဆန်အိတ် လှူဒါန်းလိုသူတွေအနေနဲ့ ဆန်(၂၄ ပြည်)တစ်အိတ်ကို ၆၅၀ ဘတ်နဲ့ သတ်မှတ်လှူဒါန်းနိုင်ပြီး လှူဒါန်းမှု အစုစုတို့ကို မြန်မာနိုင်ငံမှာရှိတဲ့ သက်ဆိုင်ရာ ရေဘေးသင့်ပြည်သူများ ကူညီစောင့်ရှောက်ရေး ကော်မတီကို အမည်စာရင်း ဒါမှမဟုတ် ကုမ္ပဏီစာရင်း ဖော်ပြပြီး ပေးပို့သွားမှာဖြစ်တယ်လို့ သိရပါတယ်။

image