3 w - Translate

ဒဏ်ရာကြောင့် အိုလ်မို (၄)ပတ်ခန့် နားရမည်
----------------------
ဂျီရိုနာအသင်းကို အနိုင်ရရှိခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ရခဲ့တဲ့ဒဏ်ရာကြောင့် စပိန်ကွင်းလယ်ကစား သမား အိုလ်မိုဟာ အနည်းဆုံး(၄)ပတ်ခန့် အနားယူရဖွယ်ရှိတယ်လို့ အောက်တိုဘာလ(၁၆)ရက်မှာ ဘာစီလိုနာအသင်းက တရားဝင် ထုတ်ပြန်လာခဲ့ပါတယ်။ အိုလ်မိုဟာ ဂျီရိုနာအသင်းနဲ့ကစားခဲ့တဲ့ ဒုတိယပိုင်းပွဲချိန်(၆၁)မိနစ်မှာ ဒဏ်ရာရခဲ့တာ ကြောင့် လူစားလဲခံခဲ့ရတာပါ။

ဆေးစစ်မှုတွေ ပြုလုပ်ပြီးနောက် အိုလ်မိုဟာ တံကောက်ကြော ဒဏ်ရာရခဲ့တာ ဖြစ်ပြီး အနည်းဆုံး (၄)ပတ်ကနေ အများဆုံး(၅)ပတ်လောက်အထိ အနားယူရဖွယ် ရှိတယ်လို့ ဘာစီလိုနာအသင်း က တရားဝင်စာ ထုတ်ပြန်ခဲ့ပါတယ်။ ဒဏ်ရာကြောင့် အနားယူရတော့မှာဖြစ်လို့ အိုလ်မိုဟာ မိုနာကို အသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်အပါအဝင် ဗီလာရီးရဲလ်၊ ဂီတာဖေး၊ အိုဆာဆူနာ၊ အလာဗက်စ်အသင်းတို့နဲ့ ကစားမယ့် လာလီဂါပွဲစဉ်တွေကိုလည်း လွဲချော်သွားရမှာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းကတော့ အိုလ်မိုဟာ အောက်တိုဘာလမှာကစားရမယ့် နိုင်ငံတကာပွဲစဉ်တွေမတိုင်မီ ယန်းဘွိုင်းအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်အမီ အသင်းအတွက် ပြန်လည်ကစားပေးနိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

image