ဘာလေးနေနေကောင်းတာလေးဆို မျှဝေလိုက်ရမှကျေနပ်တဲ့ ကိုယ်ကတော့ ဒီတခါ ဒါလေးတွေကိုရှယ်ညွှန်းပေးမယ် 🤍

ရန်ကုန်မှာရှိတဲ့သူတွေ တခါလောက်တော့စားဖြစ်အောင်စားကိုစားသင့်တဲ့ စားကိုစားရမယ့်
ဟင်းပွဲနဲ့ထမင်းသုတ်လေးပေါ့

ရန်ကုန်ကလူတွေအတွက်တော့ ဘာလေးနေနေအဆင်ကိုပြေလို့ အခုလည်းကြည့်လေ ဒါမျိုး စားကောင်းတဲ့ အာလူးထမင်းနယ် ရခိုင်သုတ်လေးက ရှင်တို့ မဟာရွှေမြို့တော်ရန်ကုန်မှာဘဲရတယ်

ကော့ညွှန့်နေတဲ့ထမင်းကိုမှာ အာလူးစေးစေးလေးကို အချိုအငံအစပ်ထိထိမိမိလေးသုတ်ထားတဲ့ ရခိုင်စတိုင်ထမင်းသုတ်

( ရေးနေရင်းတောင်သရေကျ 🥲 )

ကြည့်လိုက်ရင်တောင် အော်အာလူးထမင်းနယ်ဘဲပေါ့ ဟုတ်တယ် ဒါပေမယ့်လေ အသားအိအိလေးနဲ့အတူ ငရုပ်သီးစိမ်းမွှေးမွှေးလေးနဲ့ တလုတ်ဆို တလုတ်ထိထိမိမိလေးကြွေဆင်းစေတာမျိူး

ဒါတောင်ကိုယ့်ရဲ့ First Time နောစားဖူးတာ
စားဖြစ်တဲ့ပုံကိုမေးအုံး - မင်မင်ရန်ကုန်မှာအရောင်းပြပွဲနဲ့ ကုန်ပစ္စည်းမိတ်ဆက်တဲ့ပွဲလေးတခုသွားလုပ်တော့ ပွဲရက်က လုံးဝကို မအားတာ ကိုယ်ကနယ်ရမို့စားရသောက်ရခက်တယ် ကသီတယ်ကွာ

အဲ့တော့ရန်ကုန်လည်းရောက်တုန်းဘာစားရင်ကာင်းမလဲဆိုပီး Hala Food ကိုရှာတာ Food Blogger အမတစ်ယောက်ညွှန်းထားတဲ့ အကောင့်တခုကိုသွားတွေ့ပါလေရော ပုံရိုက်ထားတာကလဲစားချင်စရာကလည်းကောင်း Review ကလည်းကောင်းဆိုတော့
ကိုယ်တွေလို စားပလုံးက ပွဲနေ့ ငါတော့အငတ်မခံဘူး တခုတခုစီစဉ်မှကိုဖြစ်မှာ

ဟုတ်တယ် မေးရမယ်ဆိုပီး လှမ်းချိတ်မိလိုက်တာ
အဲ့အမစိတ်ရှည်ပီး လုပ်ပေးချက်က
တကယ်လက်လန်

ပထမကစမ်းမှာစားမယ်ဆိုပီးတရက်ဘဲမှာတာ
အရသာထိမိဂွိ အစပ်အဟက်တည့်ချက်

ထမင်းဆို ကော့ညွှန့် အမဲသား ကြက် ပုဇွန် အိဖက်ပီးကောင်း ဗူးတဗူးတဗူးဆိုလည်းပေးရတာနဲ့တန်နေရော အဲ့တာနဲ့ ၂ ရက်လုံး မနက်ည မှာစားဖြစ်သွားတယ်

အမဲသား ကညွှန့်ပေါင်းဆိုလား အဲ့တာလည်းရေရေလည်လည်ကောင်းတယ် တကယ်ပြန်ပီးစားချင်နေတာခရီးဝေးလို့ လှမ်းမှာဖို့တောင်လုပ်သေးတယ်

သိတဲ့အတိုင်းခေတ်ကာလ လမ်းကြောင်းအရ စစ်တောင်းတံတားမှာတင် ၂ ရက်လောက်ကြာနေမယ့်အကွက်မို့ သတွေးမျိုချပီး ဆန္ဒကိုသိက္ခာနဲ့ထိန်းလိုက်ရတယ်ကွယ် 🥲🥲

ရန်ကုန်သူ ရန်ကုန်သားအပေါင်းနဲ့ နယ်ဝေးကတခါတလေတတ်လာကြတဲ့မိတ်ဆွေတို့ရော

ရန်ကုန်ရောက်ဖြစ်ချိန် Hala Food ကိုမှ အရောက်ပို့ပီးဝယ်စားလို့ရတဲ့

ကွန်မန့်မှာချပေးထားတဲ့ ဟင်းပွဲလက်ရာပိုင်ရှင် ဒီ အကောင့်လေးကနေ မြည်းစမ်းကြည့်စေချင်တယ်

စားခွင့်ရှိတုန်းမှာစားကြည့် ကိုယ်ကတော့ အဝေးကနေ ပုံလေးတွေကိုကြည့်ပီး သရေကျနေပ့မယ်

🥲🥲

စားချင်လာလို့ ရေးချင်စိတ်ပေါ်လာလို့ရေးတာ
အားလုံးအိပ်ခါနီးကိုယ့်လိုဘဲ စားချင်စိတ်တဖွါးဖွါးပေါ်လာပါစေ ☹️☹️

စာဖတ်သူများကို ဆေးထိုးပို့စ်ပါ 😝😝

#reviewwithme #reviewpost #crd

image
image
image