3 w - Translate

ပြတ်ကြမယ်မို့လား..ရတယ်လေ။
အရင်လို မတားတော့ဘူးနော်။

အမြဲအောက်ကျခံ အညန့်ပေးနေလာခဲ့သမျှ
ဒီတစ်ခါတော့ အထက်စီးက စကားပြောမယ်။
မနေချင်ရင် သွားလေ။

အရာအားလုံးနဲ့လဲလှယ်၊သိက္ခာတွေချနင်းပြီး
တန်ဖိုးမရှိလောက်အောင် ပေကပ်ခိုတွဲနေတယ်ဆိုတာ စျေးပေါနေလို့မဟုတ်ဘူး၊
မင်းမို့လို့ စျေးပေါပေးခဲ့တာ။
မတားတော့ဘူး နော်။

ကျနော့ထက် ပိုချစ်တဲ့သူရှိရင်ရှိမယ်၊
ကျနော့ထက် ပိုအလိုလိုက်တဲ့သူတွေ့ရင်တွေ့မယ်၊
ကျနော့ထက် ဂရုစိုက်တဲ့သူ ရှိရင်ရှိလာမယ်၊
ဒါပေမယ့်..
ကျနော့လို အဆုံးထိ ခင်များကိုရွေးချယ်မယ့်လူ၊
ကျနော့လောက် ခင်များကိုသည်းခံပေးမယ့်လူတော့
ရှိလာမှာမဟုတ်ဘူး။
ထမင်းထုပ်သာသိုးသွားမယ်။

ထပ်သတိပေးအုံးမယ်
ဘဝမှာကောင်းတဲ့လူတွေကို နှစ်ခုပြန်မရနိုင်ဘူး၊
နှစ်ခါပြန်မဆုံနိုင်ဘူး။

စ ချစ်ခဲ့သလို ဆက်ချစ်ပေးခဲ့ပြီးပြီ၊
မေတ္တာလည်း မကွက်ခဲ့၊
သစ္စာလဲ မပျက်ခဲ့။
ဒီထက်ပိုပြီး ကျနော်မတတ်နိုင်တော့သလို
ဆက်စွဲထားဖို့လည်း အားအင်မရှိတော့ဘူး။

အကောင်းဆုံးတွေ ပေးခဲ့ပြီးပြီမို့
ပင်ပန်းသင့်တာထက် ပိုပင်ပန်းတာကြာခဲ့ပြီ။

နေချင်လည်း နေ၊
မနေချင်လည်း သွားနိုင်တယ်။

ငိုယို၊ခယ တောင်းပန်ခြင်းတွေဟာ
ကျနော်တို့ဇတ်လမ်းမှာ အပြီးတိုင်ချုပ်ငြိမ်းလိုက်ပြီမို့.....
ဒီတစ်ခါ မတားတော့ဘူးနော်။

ခင်များမကြာခဏပြောတဲ့စကားလေးနဲ့အဆုံးသတ်မယ်၊..
ထင်ချင်သလိုထင်၊ ကြိုက်သလိုဆုံးဖြတ်။

😊😊😊

#ရဲသူလွင် (အင်ပင်မြို့)

image