မနေနိုင်လွန်းလို့ရေးပီ 😤

ကိုယ့်လို မိုးလေးအေးရင်စား လူစုံရင်စား
ငိုချင်တဲ့အချိန်မျိုးမှာလူမသိစေချင်လို့ စား

အဲ့လိုခေါက်ဆွဲပြုတ်ကို စိတ်အတတ်အကျလိုက်စားတဲ့သူတွေရှိလား

မြတ်သူက Spicy Crazy ကွာ
အရမ်းစပ်တာကျမစားနိုင်ပေမယ့် ဒီတံဆိပ်ထဲက 2 xSpicy ရော မာလာ Spicy ရော
တော်တော်ကြိုက်တယ်

အရင်ဆို Spicy စားရင်တောင်အစပ်အများဆုံးကိုစားတယ်ပီးရင် အရည်သီးသန့်ဗူးနဲ့ထပ်လောင်းထည့်စားတတ်တာမျိုး (အဝင်ဆိိုးအထွက်ဆိုးတာပေါ့ ငိငိ )

အခုက 2 X spicy က So Hot ရှယ်လောင်တာ
ဘာမှထပ်ထည့်စရာမလိုဘဲ ရှယ်မိုက်သော တော်တော်လေးထိထိမိိမိ အရသာကောင်းချက်က
အရွက်အသီးအသားချောင်းထည့်စားတာတောင်ပေါ့တာမျိုးမဖြစ်ဘဲ ထိထိမိိမိလေးမို့ပိုကြွေ

စားဖူးနေကြကိုးရီးယားခေါက်ဆွဲတွေက အနံ့ကိုကြိုက်လို့ ခေါက်ဆွဲအသားထူထူကြီးကိုကြိုက်လို့တခါတခါစပ်တာကြီးကိုကြိုက်လို့စားတာရှိတယ်

အစပ်အရသာက တခါတခါ လျှာပေါ်တောင်
မတင်နိုင်တဲ့အချိန်ရှိတယ်

ဒါပေမယ့်လည်း အိတ်ဆွဲလိုက်ဝယ်ထားပီး
စားတယ်

အိုပါးတို့လို ခေါက်ဆွဲဇလုံနဲ့ နှစ်ယောက်မရိုနိုင်ရင်တောင် တစ်ယောက်တည်း ကိုးရီးယား
ဆန်ပစ်တာမျိုးကွာ

မိုးအေးချိန်လေး ပူပူစပ်စပ်လေးရယ် Movies တခုခုရယ် ကော်ဖီခါးခါးရယ်က ဘဝရဲ့
အဓိပ္ပါယ်အရှိဆုံးအချိန်တွေပေါ့ 🫠🫠

ဒီလို အဓိပ္ပါယ်ရှိတဲ့နေ့ရက်တွေဟာ ဒေါ်လာစျေးအတတ်မှာ ခေါက်ဆွဲတထုတ် ၃၅၀၀ / ၄၀၀၀ လောက်ဖြစ်သွားတာမို့ ရင်ခံပီး
ကိုးရီးယားလည်းမဆန်နိုင်တော့

မြူမှုံလိုပျောက်ကွယ်သွားရတာပေါ့ဟာ

ဟီး 🤭

စာရေးရင်းမုဝင်သွားလို့ 😁😁

ကဲ
အကောင်းဆက်ပြောမယ်

ကိုးရီယား Spicy ခေါက်ဆွဲသားလို ထူထူအိအိဆိုပေမယ့် အရသာကဘယ်လိုပြောရမလဲ လျှာပေါ်တင်လိုက်ရင် ခေါက်ဆွဲသားအရသာပျော်ဝင်သွားသလိုမျိုး

အစပ်အဟက်ကလဲ မြန်မာခံတွင်းနဲ့ကွက်တိပြောလို့ရတယ် မစပ်တာမျိုးမဟုတ်ပေမယ့်လည်း
စပ်နေတယ်ကွာ

စပ်တာတခုဘဲသိရတဲ့ စပ်ပြဲလန်နေတာမျိုး
မဟုတ်ဘဲ တကယ့်ကိုထိထိမိမိလေးနဲ့အရသာရှိရှိစပ်နေတာ ဥပမာ ငါနဲ့ ချန်ဝူး ငါနဲ့ ဂျွန်ပျို
ငါနဲ့ စိုးမိုးနိုင်တွဲထားတဲ့ပုံလေးလိုပေါ့
လိုက်ဖက်နေတာမျိုး ( မြင်ကြလားမသိ )

တလုတ်ဆိုတလုတ်ထိမိဂွိ 🫠

စျေးကလည်း တထုတ် ၁၃၀၀ တည်းဆိုတော့
မောင်ရေ ဝယ်သာဝယ်ထား ဒါမျိုးက
၂ ယောက်တစ်အိမ်မက်မဖြစ်ရင်တောင်
နှစ်ယောက်တစ်ပန်းကန် ဗိုက်တင်းတာမျိူး 😌😝

အရသာ ၃ မျိုးရှိတယ်
⁉️ 2 X Spicy
⁉️ မာလာစပိုင်ဆီ
⁉️ မာလာမောက်ချိုက်

အရသာ ၃ မျိုးမှာက ကိုယ်က
မထုံစပ်လေး မာလာစပိုင်ဆီကို ဒဲ့ကြွေတာ 😒
အနံ့သင်းသင်းခေါက်ဆွဲသားအိအိလေးနဲ့ စားပီးရင်းစားချင်ဖြစ်လာစေတဲ့ အနှစ်အရသာ ထိမိ

မာလာမောက်ချိုက်က ဆိုင်မှာစားရစေတဲ့ Feelings မျိုးရစေတာ အရည်လေးနဲ့စမ်းစားရတာကွာ အသားကင်လေး အရွက်လေးပါထည့်စားစမ်းတစ်ယောက်တည်းကမ္ဘာမှာ အရည်လေးစမ်းသောက်လိုက် နူးနူးအိအိခေါက်ဆွဲလေးစားလိုက်နဲ့ ဘယ်လောက်တောင်သာယာနေလိုက်မလဲ 🤷🏻‍♀️🤍🌝

Hala ပါလို့လူမျိုးမရွေးစားနိုင်တဲ့အပြင် တကယ်လည်းစိတ်ကျေနပ်မှုပေးနိုင်တဲ့
ကိုးရီးယားဆန်ဆန်မုလေးအတိုင်း
အရသာမပျက်ဖြစ်စေသေးတယ်

ချစ်စရာကောင်းတဲ့ ကောင်မလေး ၁၀၀ မှာ ၉၉ ယောက်လောက်က စပိုင်ဆီအနက်ရောင်ထုတ်လေးစားချင်တယ် ကိုကိုဆိုပီး စားဖို့ပူဆာကြတယ်ဆိုတာမမှားတာမို့

အစစအရာရာစျေးတတ်နေချိန်မှာ ကောင်လေးတွေအနေနဲ့ အလိုက်သိတယ်ဆိုပီးအမှတ်ပြည့်ရချင်ဒါလေး မပူဆာခင်ဝယ်ကျွေးကြည့်ဖို့တိုက်တွန်းမယ်

မရိုနိုင်ရင်တောင် မျိူနိုင်ဖို့တော့
ရှင်တို့မှာတာဝန်ရှိတယ်နော အေ

ဒါမျိုးကျသင်ပေးနေရတယ်

ဒါလေးကောင်းတယ် must try ပါနော

အဲ့တာလာပြောတာ 😎

#reviewwithme #reviewpost #crd

image
image
image
image