စာဖတ်ပါ။
၁-
စာဖတ်များတဲ့ လူတစ်ယောက်ရဲ့
ရုပ်သွင်ဟာတည်ငြိမ်ရင့်ကျက်လာ
တတ်ပြီးဘယ်လောက်ပဲ အံ့ဩစရာ
နဲ့တွေ့တွေ့ မအံ့ဩတတ်ကြတော့ဘူး။
၂-
အရာရာကိုကျော်ဖြတ်လိုတဲ့ စိတ်
တွေကြီးထွားလာပြီးတကယ်ပဲ
ကျော်ဖြတ်ဖို့ အစီအစဉ်တွေချ
မှတ်လာနိုင်ကြတယ်။
၃-
ဦးနှောက်ရဲ့ စွမ်းရည်မြင့်တက်လာ
ပြီးကောင်းမွန်လွန်းလှတဲ့ အတွေး
တွေပေါက်ဖွားလာပါတယ်။
၄-
ဆုံးဖြတ်ချက်တွေမှန်ကန်လာပြီး
ချက်ချင်းဆုံးဖြတ်သင့်တဲ့အရာကို
ချက်ချင်းဆုံးဖြတ်နိုင်လာတယ်။
၅-
စာဖတ်ခြင်းကြောင့် လူတွေဟာ
မကောင်းမှုကို ရှောင်ရှားလိုစိတ်
တွေများလာပြီး စာနာစိတ်တွေ
တိုးပွားလာနိုင်ပါတယ်။
၆-
စာဖတ်တဲ့လူတိုင်းမအောင်မြင်နိုင်
ပေမယ့်ဘယ်တော့မှ မကျရှုံးနိုင်ပါဘူး။
၇-
စာဖတ်သူတွေဟာ ဘဝရဲ့အကြောင်း
တွေ၊ အခက်အခဲတွေ၊စိတ်ကူးစိတ်သန်း
တွေကို တစ်ခြားလူတွေထက် ပိုသိလာ
ကြတယ်။
၈-
ဖတ်ထားတဲ့စာတွေဟာ မေ့သွားတတ်
ပေမယ့် အရေးကြုံလာတဲ့အခါ ပြန်
ပြီး အမှတ်ရစေပါတယ်။

ဥပမာ..ကျန်းမာရေးစာပေတွေ
ဖတ်ထားသူတစ်ယောက်ဟာ အရေး
ပေါ်ကျန်းမာရေးအခြေအနေဖြစ်လာ
တဲ့အခါဘယ်လိုလုပ်ဆောင်ရမယ်ဆို
တာ သိလာနိုင်ပါတယ်။
၉-
စကားပြောကောင်းလာလိမ့်မယ်။
စကားဆိုတာ ပြောသင့်တဲ့အချိန်၊
မပြောသင့်တဲ့အချိန်ရယ်လို့ ရှိပါတယ်။

လူတွေကကိုယ့်ကို အထင်ကြီးစေ
လိုတာကြောင့် နေရာတကာမှာဝင်
ပြီးပြောနေမယ်၊ ဘယ်သူမှမပေး
ဘဲ ဆရာဝင်လုပ်နေမယ်၊ ပါလေရာ
ငါးပိချက်လုပ်နေမယ်ဆိုရင် လူတွေ
ကသင့်ကို "လေကြီး"လို့ ဝိုင်းပြီး
ခေါ်ဝေါ်သမုတ်ကြပါလိမ့်မယ်။

စကားကို ချင့်ချိန်ပြီးပြောဆိုတတ်
ဖို့လိုပါလိမ့်မယ်။စာအုပ်တွေဖတ်ပါ
များလာရင် သင့်ရဲ့ပြောဆိုမှုပုံစံဟာ
အထင်ကြီးစရာကောင်းနေပါလိမ့်မယ်။

သင့်ပါးစပ်ကထွက်လာတဲ့ စကား
လုံးတိုင်းဟာတစ်ခြားလူတွေရဲ့ဘဝ
ကို ပျော်ရွှင်ခြင်းနဲ့စိတ်အားတက်ကြွ
ခြင်းတွေကို ပေးနိုင်ပါလိမ့်မယ်။
၁၀-
ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကို
ရွေးချယ်တတ်လာပြီး၊ အပေါင်း
အသင်းတွေကိုပါ ပြောင်းလဲပေး
နိုင်ပါလိမ့်မယ်။

ဒါပေမယ့် စာအုပ်တစ်အုပ်
လောက်ပဲ ဖတ်ပြီးကိုယ့်ကို
ကိုယ် စာဖတ်တဲ့သူလို့ဂုဏ်ယူ
နေမယ်ဆိုရင်တော့ ရင့်ကျက်
တည်ငြိမ်တဲ့ လူတစ်ယောက်
မဖြစ်နိုင်သေးပါဘူး။

လက်လှမ်းမှီသမျှစာပေတွေ
ကို ဖတ်ပါများလာမှ သင်ဟာ
ရဲရင့်တည်ကြည်တဲ့
လူတစ်ယောက်ဖြစ်လာမှာပါ။

ဒါ့ကြောင့်များများဖတ်ပါ။
ဖတ်နိုင်သလောက်ဖတ်ပါ။
စာဖတ်ခြင်းက သင့်ကို မယုံ
ကြည်နိုင်လောက်တဲ့ အတွေ့
အကြုံတွေပေးပါလိမ့်မယ်။

အံ့ဩစရာကောင်းပြီး လူတွေ
လေးစားရတဲ့လူတစ်ယောက်
အဖြစ်သို့ ပြောင်းလဲလာစေပါ
လိမ့်မယ်။

********************************

ဒါဆိုရင် ဘယ်လိုစာပေမျိုးတွေ
ဖတ်သင့်လဲ ..?
———————————————

၁- အောင်မြင်သူတွေရဲ့ အတ္ထုပ္ပတ္တိ

အဲ့လိုဖတ်ပေးခြင့်ကြောင့်
အောင်မြင်သူတွေရဲ့
အမူအကျင့်တွေ၊ စိတ်ဓာတ်တွေကို
သင်သိမြင်လာပါလိမ့်မယ်။

********************************

၂- ပညာရပ်ဆိုင်ရာစာပေများ

အင်္ဂလိပ်စာကိုလေ့လာချင်သူအတွက်
အင်္ဂလိပ်နဲ့ပတ်သက်တဲ့ စာအုပ်တွေ
အများကြီးရှိပါတယ်။

ဟင်းချက်နည်း၊ အလှပြင်နည်း၊
စီးပွားရေး၊ လူမှုဆက်ဆံရေး၊
ခေါင်းဆောင်မှုပညာရပ် ဆိုင်ရာ
စာပေတွေ ဖတ်မကုန်အောင်
တစ်ပုံ တစ်ပင်ရှိပါတယ်။
စာရေးချင်သူတိုင်းအတွက်
စာရေးနည်းနဲ့ပတ်သတ်တဲ့
စာပေတွေ မကုန်မခမ်းပါပဲ။

********************************

၃- စိတ်အားတက်ကြွစေမယ့် စာပေ

သင့်ရဲ့ စိတ်ကို ဒိုင်းကနဲမြင့်တက်
စေတဲ့ တက်ကျမ်းခေါ် စာပေတွေ
ဟာ မမြင်ချင်အဆုံးပေါများလှတယ်။
တက်ကျမ်းတွေကို ဖတ်ပါများလာရင်
သင့်ရဲ့ စိတ်ဟာရဲရဲတောက် လာပါ
လိမ့်မယ်။

********************************

၄- ရသစာပေ

ရသစာပေဟာ အင်မတန်ရိုင်းဆိုင်း
လှတဲ့လူတစ်ယောက်ကို ချက်ချင်း
နူးညံ့စေပါတယ်။ ရသစာပေရဲ့
သဘောဟာ တက်ကျမ်းတွေလို
တိုတိုတုတ်တုတ်နဲ့ မဟုတ်ပဲ
ဇာတ်လမ်း၊ဇာတ်အိမ်တွေဖွဲ့ကာ
လိုရာ ရည်ရွယ်ချက်ကို ဖော်ပြတဲ့
စာပေမျိုးပါ။ ဇာတ်ဆောင်တွေရဲ့ ကောင်းမွန်တဲ့အကျင့်စရိုက်၊
မကောင်းတဲ့အကျင့်စရိုက်တွေကို
ယှဉ်တွဲပြကာလူတွေကို ဆုံးမတဲ့
စာပေအမျိုးအစားပါ။

********************************

၅- ဟာသစာပေ

ပျော်ရွှင်မှုကိုပေးတတ်ပြီး သင့်ကို
ဟာသဥာဏ်ရွှင်အောင် ပြုလုပ်ပေး
တတ်ပါတယ်။

********************************

၆- ဘာသာရေးစာပေ

စိတ်နဲ့ နှလုံသားကို ငြိမ်းချမ်းစေတဲ့
စာပေပါ။ လိုချင်တပ်မက်မှုစတဲ့
တဏှာရာဂမီးတွေကို ချုပ်ငြိမ်းစေ
ပါတယ်။

********************************

crd to owner with respect 🌷

image