3 w - Translate

ဝါရင့်တိုက်စစ်မှူး ကားလို့စ်ဗီလာကို LAFC ပြန်ခေါ်ယူ
-------------------------
မေဂျာလိဂ်ကလပ် လော့စ်အန်ဂျလိစ် အက်ဖ်စီအသင်းဟာ မက္ကဆီကို ဝါရင့်တိုက်စစ်မှူး ကားလို့စ်ဗီလာကို ပြန်လည်ခေါ်ယူလိုက်တယ်လို့ စက်တင်ဘာ ၁၆ ရက်နေ့က အတည်ပြုသွားခဲ့ပါတယ်။ အသက် ၃၅ နှစ်အရွယ် ဗီလာကို ၂၀၂၄ မေဂျာလိဂ် ရာသီကုန်အထိ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး ၂၀၂၅ ဘောလုံးရာသီအတွက်ပါ အလိုအလျောက် သက်တမ်းတိုးခွင့်ကိုပါ သဘောတူညီမှုရခဲ့တယ်လို့ သိရပါတယ်။

ဗီလာဟာ LAFC အသင်းမှာ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အထိ ကစားခဲ့ဖူးသူဖြစ်ပြီး ၂၀၂၃ ရာသီအကုန်မှာ အသင်းနဲ့စာချုပ်ပြည့်ခဲ့ပြီးနောက် လမ်းခွဲခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ LAFC အသင်းဟာ အသင်းလက်မဲ့ဖြစ်နေတဲ့ ဗီလာကို ပြန်လည် ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။ အသင်းအတွက် ၁၅၂ ပွဲမှာ ၇၈ ဂိုးသွင်းပြီး ၅၈ ဂိုးဖန်တီးပေးထားခဲ့တဲ့ ဗီလာကို ပြန်လည်ခေါ်ယူနိုင်ခဲ့တာက အသင်းရဲ့တိုက်စစ်ကို ပိုပြီးတော့ ကောင်းမွန်စေလိမ့်မယ်လို့ အသင်းရဲ့ ကြေညာ ချက်မှာ ရေးသားထားပါတယ်။

ဗီလာကလည်း LAFC က သူ့အတွက် မိသားစုတစ်ခုလို ခံစားရတာကြောင့် အခုလိုမျိုး ပြန်ရောက်လာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ပြောကြားထားပါတယ်။ ဗီလာဟာ LAFC အသင်း တိုက်စစ်မှာ ပြင်သစ်တိုက်စစ်မှူး ဂီရော့ဒ်နဲ့လက်တွဲပြီး ကစားရတော့မှာလည်း ဖြစ်ပါတယ်။

image