3 w - Translate

လက်ဖက်မွှေးအာလူးထောင်း


အာလူးထောင်းလေးကို စားလိုက်တာနဲ့ဆိမ့်ဆိမ့်စပ်စပ်လေးနဲ့ အနံ့လေးမွှေးပြီး အလွန်ခံတွင်းတွေ့စေပါတယ်။ ဒီနည်းမှာတော့ ဦးကာက ရဲ့ လက်ဖက်အစပ်ကိုသုံးထားပါတယ်။ တကယ်လို့အစပ်မကြိုက်ရင် အချိုကိုလဲအသုံးပြုနိုင်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်သောပစ္စည်းများ
၁။ အာလူး - ၂၅ ကျပ်သား (သို့) ၁ ပေါင်
၂။ ဦးကာက ဇယန်းနှပ်လက်ဖက် (အစပ်) - ထမင်းစားဇွန်း ၃ ဇွန်း
၃။ မက်ရိုနီးစ် (mayonnaise) - ထမင်းစားဇွန်း ၂ ဇွန်း
၄။ ငရုတ်ဆီ(ငရုတ်ဆော့) - လက်ဖက်ရည်ဇွန်း ၁ဇွန်း
၅။ ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
၆။ ငရုတ်သီးဆီချက် - ထမင်းစားဇွန်း ၁ဇွန်း
၇။ ကြက်သွန်ဖြူ ဆီချက် - ထမင်းစားဇွန်း ၁ ဇွန်း
၈။ ပါးပါးလှီးထားသော ကြက်သွန်မြိတ် - အနည်းငယ်
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ အာလူးကိုနူးအိနေအောင်ပြုတ်ပါ။
၂။ ပြုတ်ပြီးသားအာလူးကိုအခွံနွှာ ပြီး potato masher (အာလူးခြေတဲ့အရာ) ဖြင့်ဖိပါ။ (သို့) ငရုတ်ဆုံကြီးကြီးထဲထည့်ထောင်းပါ။ ဆား၊ မက်ရိုနီးစ် (mayonnaise) ၊ ငရုတ်ဆီ (ငရုတ်ဆော့) တို့ကိုပါထည့်ရ်ျ သမအောင်ထောင်းပါ။ ထို့နောက် လက်ဖက်ကိုထည့်ထောင်းပါ။
၃။ လက်ဖက်မွှေးအာလူးထောင်းအပေါ်မှ ငရုတ်သီးဆီချက်၊ ကြက်သွန်ဖြူ ဆီချက်ကိုဆမ်း၊ ကြက်သွန်မြိတ်ကို ဖြူးရ်ျသုံးဆောင်နိုင်ပါပြီရှင်။