3 w - Translate

နှုတ်ခမ်းကွဲခြင်း နှုတ်ခမ်းခြောက်ခြင်းမဖြစ်စေရန်
=================

နှုတ်ခမ်းခြောက်သွေ့ခြင်းက ရေဓာတ်ခြောက်သွေ့တဲ့အခါ ၁၂ ရာသီပတ်လုံး ဖြစ်နိုင်တာမို့ အလွယ်တကူပျောက်ကင်းစေနိုင်တဲ့ သဘာဝနည်းလမ်းလေးတွေ ဒေါက်တာဇီဝက က ပြောပြပေးလိုက်ပါတယ်နော်။

တစ်ခုတော့ရှိတယ် အချောလေးတို့ရေ . . . ဘယ်လောက်ပဲ ဒီလို နည်းလမ်းတွေ လုပ်လုပ် ရေဓာတ်ပြည့်ဝအောင် မသောက်ပေးဘူးဆိုရင် နှုတ်ခမ်းခြောက်သွေ့ အက်ကွဲခြင်းက ပြန်ပြန်ဖြစ်လာနိုင်ပါတယ်နော်။ ဒါဆို နည်းလမ်းလေးတွေကတော့ . . .

၁. အုန်းဆီလိမ်းပေးခြင်း
အုန်းဆီ၊ သံလွင်ဆီ၊ လက်ဖက်ကနေထုတ်တဲ့ဆီ (tea tree oil) တစ်မျိုးမျိုးကို တစ်စက် နှစ်စက်လောက် နှုတ်ခမ်းပေါ်အနှံ့လိမ်းပြီး ဖြန့်ပေးပါ။ တစ်နေ့ကို နှစ်ကြိမ် (သို့) သုံးကြိမ် ညအိပ်ရာမဝင်ခင် လိမ်းပေးရင် နှုတ်ခမ်းကွဲအက်တာတွေ ပျောက်သွားပါလိမ့်မယ်။

၂. ပျားရည်လိမ်းပေးခြင်း
ပျားရည် ကို နှုတ်ခမ်းပေါ်လိမ်းပေးပါ။ ပြီးလျှင် အလှဆီတစ်မျိုးမျိုးထပ်လိမ်းပေးပါ။ ပြီးလျှင် ၁၀ - ၁၅ မိနစ်လောက်ထားပြီးလျှင် တစ်ရှူးဖြစ်ဖြစ် အဝတ်စလေးနဲ့ဖြစ်ဖြစ် ပွတ်တိုက်ပြီး ဖျက်ပေးပါ။ တစ်နေ့ တစ်ကြိမ်လုပ်ပေးမယ်ဆို ထူးခြားတဲ့ ရလဒ်ရပါလိမ့်မယ်။

၃. နှင်းဆီပွင့်ဖတ်နဲ့ နွားနို့လိမ်းပေးခြင်း
နှင်းဆီပွင့်ချပ် (၅ - ၆ ချပ်)လေးတွေကို နွားနို့ (ခွက်ရဲ့ လေးပုံတစ်ပုံ) ထဲ ၂ -၃ နာရီလောက်စိမ်ထားပါ။ ပြီးလျှင် ပျော့ဖတ်ရအောင် ချေပေးပါ။ ရလာတဲ့ အနှစ်ကို နှုတ်ခမ်းပေါ် အနှံ့လိမ်းပြီး မိနစ် ၂၀ လောက် ထားပေးပါ။ ပြီးလျှင် ရေအေးအေးနဲ့ ဆေးချပေးပါ။ နေ့စဉ်လုပ်ပေးမယ်ဆို ဗီတာမင် အီးနဲ့ လက်တစ်အက်စ် ပြည့်ဝနေတာမို့ နှုတ်ခမ်းသားတွေက ခြောက်ကပ်နေတာမရှိပဲ သဘာဝအတိုင်း ပန်းရောင်လေးသန်းနေမှာပါ။

၄. သခွားသီးပွတ်လိမ်းပေးခြင်း
သခွားသီးစိတ်လေးတွေ နှုတ်ခမ်းမှာ မိနစ်အနည်းလောက်ပွတ်ပေးပါ။ ပြီးလျှင် ၁၀ မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါ။ တစ်နေ့ကို တစ်ကြိမ် (သို့) နှစ်ကြိမ် လောက်လုပ်ပေးပါ။ ဒါဆို နှုတ်ခမ်းခြောက်သွေ့နေတာတွေ ပျောက်ကင်းပါလိမ့်မယ်။

၅. ရှားစောင်းလက်ပပ်လိမ်းပေးခြင်း
ရှားစောင်းလက်ပပ်အထဲက ဂျယ်လ် ကို ညအိပ်ရာမဝင်ခင် နှုတ်ခမ်းပေါ်လိမ်းပြီး အိပ်ပေးပါ။ ဒါဆို နှုတ်ခမ်ဒက ခြောက်သွေ့နေတဲ့ အလွှာတွေဖယ်ရှားပေးပြီး နှုတ်ခမ်းသားစိုပြေနေတဲ့အပြင် အေးမြတဲ့ ခံစားမှုကို ရပါလိမ့်မယ်။

၆. လက်ဖက်ခြောက်ထုပ်ကပ်ပေးခြင်း
လက်ဖက်ခြောက်ထုပ်လေးတွေ စိမ်ပြီး သောက်ပြီးတဲ့အခါ မလွှတ်ပစ်ပါနဲ့ဦး အကျိုးရှိပါသေးတယ်။ စိမ်ပြီးသား လက်ဖက်ခြောက်ထုပ်လေးတွေကို နှုတ်ခမ်းပေါ် မိနစ်အနည်းငယ်လောက် တင်ထားလိုက်ပါ။ သင့်နှုတ်ခမ်းကခြောက်သွေ့မှုတွေကို စုတ်ယူသွားပါလိမ့်မယ်။

၇. သကြားဖြင့် ပွတ်လိမ်းပေးခြင်း
သကြား အဖြူ (သို့) အညို တစ်ဇွန်းခန့်ကို သံလွင်ဆီ အနည်းငယ်၊ ပျားရည် အနည်းငယ်နဲ့ ရောပြီး နှုတ်ခမ်းကို ပွတ်ပေးပါ။ ပြီးလျှင် ရေနွေးနွေးလေးဖြင့် ဆေးပေးပါ။ တစ်ပတ်မှာ တစ်ကြိမ် (သို့) နှစ်ကြိမ်ခန့် လုပ်ပေးပါ။ ဒါဆို နူးညံတဲ့ နှုတ်ခမ်းလေးရပါလိမ့်မယ်ဗျာ။

image