3 w - Translate

ရွှေနတ်တောင် ကာကွယ်တော အပိုင်း(၁)နှင့်(၂) သတ်မှတ်
-------------------------
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်အတွင်း ကျရောက်နေတဲ့ ဧရိယာအကျယ်အဝန်း ၃၃၀ ဧကရှိတဲ့ နယ်မြေ နဲ့ ဧရိယာအကျယ်အဝန်း ဧက ၃၀ ရှိတဲ့ နယ်မြေကို “ရွှေနတ်တောင် ကြိုးပြင်ကာကွယ်တော အပိုင်း(၁)နဲ့(၂)” အဖြစ် သတ်မှတ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါ တယ်။

အပူပိုင်းဒေသရဲ့ သဘာဝ တောကျန်တွေကို ထိန်းသိမ်းတာကြောင့် ပတ်ဝန်းကျင်ဒေသကို အပူချိန် လျော့ နည်း ကျဆင်းပြီး ပူပြင်းခြောက်သွေ့မှုကို ကာကွယ်ဖို့၊ ရာသီဥတု သာယာမျှတစေပြီး စိမ်းလန်းစိုပြည် သာယာ လှပစေဖို့၊ သဘာဝပတ် ဝန်းကျင်ထိခိုက်ပျက်စီးမှု လျော့နည်းသက်သာစေဖို့၊ မြေဆီလွှာ တိုက်စားမှုတွေ တားဆီး ကာကွယ် ရေးနဲ့ အပူပိုင်းသစ်တောတွေ ထိန်းသိမ်းဖို့အတွက် ရည်ရွယ်ပြီး ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောတွေ အဖြစ် ဖွဲ့စည်းသတ်မှတ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို သတ်မှတ်လိုက်တာကြောင့် အဲဒီဧရိယာအတွင်း ပေါက်ရောက်နေတဲ့ အပူပိုင်းဒေသရဲ့ ဒေသမျိုးရင်း သစ်မျိုး တွေဖြစ်တဲ့ သန်း၊ ဒဟတ်၊ ရှား၊ ထနောင်း၊ တမာ၊ ဆူးဖြူ၊ နဘဲ စတဲ့ သစ်မျိုးတွေကို ထိန်းသိမ်းနိုင်မှာ ဖြစ် ပါတယ်။ ဒေသခံပြည်သူတွေအတွက်လည်း လယ်ယာလုပ်ငန်းသုံး သစ်၊ ထင်း၊ ဝါး နဲ့ အခြား အပူပိုင်းဒေသထွက် သစ်တောထွက်ပစ္စည်းတွေ ပိုမိုရရှိနိုင်တာ၊ အရိပ်နဲ့ နားခိုရာ နေရာတွေ တိုးပွားလာစေတာအပြင် ခါ၊ ချိုး(ဂျိုး)၊ ငုံး၊ တောကြောင်၊ ယုန် စတဲ့ တိရစ္ဆာန်တွေ နေထိုင်ကျက်စားရာဒေသကို ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရေး အထောက်အကူပြုလုပ်ငန်းတွေ ဆောင်ရွက်နိုင်တာ၊ ရေတိုက်စားမှု၊ လေတိုက်စားမှုတွေကနေ တားဆီးကာကွယ်နိုင်တာ၊ မြေဆီလွှာ ထိန်းသိမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်တာ၊ မြေအောက်ရေ ထိန်းသိမ်းနိုင်တာ နဲ့ သစ်တောဖုံးလွှမ်းမှု တိုးလာပြီး ရာသီဥတု ပိုမို ကောင်းမွန်မျှတလာနိုင်တာ စတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်မှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

image