3 w - Translate

ရှန်ဟိုင်းသို့ မုန်တိုင်းဘီဘင်ကာ ဝင်ရောက်
---------------------
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ကို အင်အားပြင်း တိုင်ဖွန်း ဘီဘင်ကာ တနင်္လာနေ့က ဝင်ရောက်ခဲ့တဲ့အတွက် မြို့ခံ ထောင်ပေါင်းများစွာ ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပါတယ်။ တိုင်ဖွန်း ဘီဘင်ကာဟာ ရှန်ဟိုင်း အရှေ့ပိုင်းက လင်းအန်မြို့သစ်ကနေ ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့တာလို့ တရုတ်မိုးလေဝသဌာနက ပြောပါတယ်။

အဲဒီ တိုင်ဖွန်းဟာ နှစ်ပေါင်း (၇၅)နှစ်အတွင်း ရှန်ဟိုင်းကို ဝင်ရောက် တိုက်ခတ်တဲ့ အားအကောင်းဆုံး မုန်တိုင်းလို့ လည်း တရုတ်အစိုးရ မီဒီယာက ပြောပါတယ်။ မုန်တိုင်းမဝင်ခင် ကြိုတင်ပြင်ဆင်မှုအနေနဲ့ တနင်္ဂနွေနေ့ ညနေ ပိုင်းမှာ ရှန်ဟိုင်း မြို့ပေါ်က လူ (၄)သိန်းကျော်ကို နေရာရွှေ့ပြောင်းပေးခဲ့တယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။ ယန်စီမြစ်၀ပေါ်မှာရှိတဲ့ ချုံမင်ခရိုင်က လူ (၉၀၀၀)ကိုလည်း ထပ်မံ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

တိုင်ဖွန်းကြောင့် လေကြောင်းခရီးစဉ် ရာပေါင်းများစွာကို ဖျက်သိမ်းခဲ့ရပြီး ရှန်ဟိုင်းရဲ့ အဓိက လေဆိပ်ကြီးနှစ်ခုမှာ လေယာဉ်တွေကို မြေပြင်မှာ ရပ်နားထားခဲ့ရပါတယ်။ ရထားဝန်ဆောင်မှုတွေကိုလည်း ရပ်နားထားခဲ့ရသလို အဝေးပြေးလမ်းတွေကိုလည်း ပိတ်ထားခဲ့ရပါတယ်။ အဲဒီမုန်တိုင်း ဘီဘင်ကာ ဟာ မုန်တိုင်းဗဟိုချက်မှာ တစ်နာရီ လေတိုက်နှုန်း (၉၄)မိုင်ရှိခဲ့ပြီး ကုန်းတွင်းပိုင်းကို တစ်ဖြည်းဖြည်းရွေ့လျားရင်း အားပျော့ပျက်ပြယ်သွားမယ်လို့ ခန့်မှန်းထားကြပါတယ်။

image