3 w - Translate

ဒီကလေးလေး ပင်ပန်းနေပြီ ထင်ပါတယ် ။
အခုတလော ... သိပ်ပြုံးတာတွေ မတွေ့ရတော့ဘူး အခုတလော ရီမောတာတွေ မတွေ့ရတော့ဘူး ။ ပြီးတော့ ငိုနေတာလဲ မတွေ့ရတော့ဘူး ။ သာမန်ထက် မာကျောချင်ယောင်ဆောင်ထားတဲ့ ကလေးက သာမန်ထက်တော့ ပိုပြီး မောပန်းရတာဆိုတာ မပြောလဲသိနေပြီးသားမို့ အဆင်ပြေရဲ့လားဆိုတဲ့ မေးခွန်းတွေလဲ မမေးဖြစ်ခဲ့ဘူး မဟုတ်လား ။
ပင်ပန်းနေပြီထင်ပါတယ် ... မျက်နှာလေးက ညိုးလို့ ။ ပျော်ပါတယ်ဆိုတဲ့ စကားလေးသုံးပြီး မျက်နှာလေး လွဲလွဲသွားတာကို သတိထားမိတာ ကြာနေပြီ ။ အဆင်ပြေသလိုနေပါကွာဆိုတဲ့ စကားတွေသာ သုံးနေတာပါ မပျော်မှန်းသိနေတော့ ပြောရတာတွေလဲ အားတွေတော့ ရှိမနေဘူး ။ မျက်ရည်တွေ တစ်ချက်တစ်ချက် ၀ဲ၀ဲနေတာကို မကြာခဏတွေ့နေရတယ် ။
စကားလုံးတွေ ထွက်ကျမလာပေမယ့် မျက်လုံးတွေကိုတော့ ညာလို့မရဘူး မဟုတ်လား ။ မဲ့မဲ့သွားတဲ့ နှုတ်ခမ်းတွေကိုတော့ ဖုံးဖိမလို့မရဘူးမလား ။ ဒီအချိန်မှာ ပင်ပန်းနေပြီလို့ထင်တဲ့အရာတွေကို ခဏ လွှတ်ချလိုက်ပါ ။ ကိုယ်လုပ်ချင်တယ်လို့ထင်တဲ့ အရာတွေကို လုပ်ပစ်လိုက်ပါ ။ တခြားဘယ်သူ့ကိုမှ မထိခိုက်စေနဲ့ အရေးကြီးဆုံးကတော့ ကိုယ့်ကိုယ်ကိုယ် မထိခိုက်ရင် ပြီးရော ကလေးရာ ။
ပျော်စေချင်ပြီ ... ဒါမှမဟုတ် ပင်ပန်းစေတဲ့အရာတွေကနေ လွတ်မြောက်စေချင်ပြီ ။ အရင်လို ပြုံးနေတဲ့ မျက်နှာလေး ပြန်မြင်ချင်ပြီ ။ အရင်လို ရီမောနေတဲ့ အသံလေး ပြန်ကြားချင်ပြီ ။ အရမ်းကို ပင်ပန်းနေပြီထင်ပါတယ် ။ ဒီရက်ထဲ မင်းကို ကြည့်ရတာ အတော့်ကို ပင်ပန်းနေပြီထင်ပါတယ် ။ အစစအရာရာပဲ ဂရုစိုက်ပါ ။

#ကျေးကို

image