3 w - Translate

ပေါင် ၁ ဘီလီယံတန်ဘောလုံးသမားက စီရိုနယ်ဒိုပဲ ရှိတယ် (အိုဝင်)
======================================
ပြီးတာတွေက ပြီးသွားခဲ့ပြီ။ ၂၀၂၁ မှာ မန်ယူကို စီရိုနယ်ဒို တစ်ကျော့ပြန်လာတော့ အရင်လိုမဟုတ်တော့ဘဲ ပြဿနာတွေပါတက်ပြီး နောက်ဆုံး ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နက်ဆာကို ဝင်ငွေအများဆုံးကစားသမား အဖြစ် ရောက်သွားပြီမဟုတ်လား။
တကယ်အဖြစ်မှန်တွေကတော့ စီရိုနယ်ဒိုကို ၂၀၀၉ ခုနှစ်မှာ မန်ယူက ရီးရဲလ်ဆီ ပေါင်သန်း ၈၀ နဲ့ ရောင်းခဲ့တယ် ပေါ့။ ရီးရဲလ်မသွားခင် မန်ယူအတွက် စီရိုနယ်ဒိုဆိုတာ ပရီးမီးယားလိဂ်ဖလား ၃ လုံးနဲ့ ချန်ပီယံလိဂ်ဖလား တစ်လုံးအပြင် ဆုဖလားပေါင်းများစွာလည်း ယူပေးသွားခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာ မန်ယူကစားသမားအဖြစ်နဲ့ မက်ဆီနဲ့တောရက်စ်ကို ကျော်ပြီး ရွှေဘောလုံးဆု ရပြီးမှ စပိန်ကို စီရိုနယ်ဒို ထွက်သွားခဲ့တာပါ။
စီရိုနယ်ဒိုရဲ့ ကျောနံပါတ် ၇ ကို အင်္ဂလန်ရဲ့ ငှက်မြန်လေးဆိုတဲ့ ဂန္ထဝင်တိုက်စစ်မှူး မိုက်ကယ်အိုဝင် ဆက်ခံတယ်။ စီရိုနယ်ဒိုဖိနပ်ဝင်စီးရတာ အိုဝင်အတွက် ဝန်ကြီးလွန်းလှပါတယ်။ ၅၂ ပွဲမှာ ၁၇ ဂိုးပဲသွင်းနိုင်ခဲ့တယ်။ စီရိုနယ်ဒိုက မန်ယူအတွက် ၂၉၂ ပွဲမှာ ၁၁၈ ဂိုးသွင်းပေးခဲ့သူဆိုတော့ အိုဝင်သာမက ဒီနေ့အထိ စီရိုနယ်ဒိုနေရာ ထိုက်တန်စွာ အစားဝင်နိုင်ခဲ့သူ မရှိတော့ပါဘူး။ ရီးရဲလ်ရောက်တော့ စီရိုနယ်ဒိုက ၉ ရာသီအတွင်း ၄၃၈ ပွဲကစားပေးပြီး ဂိုး ၄၅၀ သွင်းပေးခဲ့လို့ ရီးရဲလ်ရဲ့ ထာ၀ရ ဂန္ထဝင်ကြီးဖြစ်ခဲ့တယ်။ ဒီအခြေအနေတွေကို နှိုင်းယှဉ်ပြီး အိုဝင်ကိုယ်တိုင် က စီရိုနယ်ဒိုရဲ့ တန်ကြေးကို အခုလို ခေတ်အဟနဲ့တွက်ချက်ပြလာတယ်။ ဘာစီလိုနာကနေ ပီအက်စ်ဂျီကို နေမာ ပြောင်းသွားတဲ့ ပြောင်းရွှေ့ကြေးက ပေါင်သန်း ၂၀၀ စွန်းစွန်းနဲ့ ဒီနေ့အထိ ကမ္ဘာ့စံချိန်တင်ထားဆဲ။ ဒါပေမဲ့ စီရိုနယ်ဒို လွန်ခဲ့တဲ့ ၁၅ နှစ်က ရီးရဲလ်ကို ပြောင်းသွားတဲ့ စျေးက ပေါင်သန်း ၈၀ ပဲရှိခဲ့တာပါ။
ဒါကို အိုဝင်က ဒီလိုတွက်ပြတယ်။ “ ဒီဘက်ခေတ် အပြောင်းအရွှေ့ စံချိန်တင်စျေးက ပေါင်သန်း ၂၀၀ ပေါ့။ မန်ယူ ကထွက်ခွာချိန်က စီရိုနယ်ဒိုရသင့်တဲ့စျေးဆို ဒီထက်ပိုများသင့်ခဲ့တယ်။ သူအသင်းအတွက် ဘာတွေ ယူပေးခဲ့လဲ။ ချန်ပီယံလိဂ်ဖလားတွေအပါ ဆုဖလားတွေများစွာ ယူပေးခဲ့တယ်။ သူ့ ဂျာစီ ကမ္ဘာတစ်ဝန်းရောင်းအားကနေ ရနိုင် ခဲ့တဲ့ အကျိုးအမြတ်ကလည်း အံ့မခန်း။ ဒါကြောင့် စီရိုနယ်ဒိုအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀၀ ဆိုရင် တောင် စျေးချိုလွန်းတယ်လို့ ပြောရမှာပဲ။ သူ့ကိုရတဲ့အသင်း ရနိုင်ခဲ့တဲ့ ဖလားတွေ၊ ဂိုးတွေ၊ ရှပ်အကျ်ီရောင်းချ ရမှုက အမြတ်တွေနဲ့တွက်ရင် ပေါင်သန်း ၅၀၀ ထက် နှစ်ဆဆိုလည်း တန်မှာပဲ။ သူ ရီးရဲလ်အတွက် စတင်ကစား ပေးခဲ့ပြီးကတည်းက ရီးရဲလ်ရခဲ့တဲ့ အကျိုးအမြတ်တွေက သန်းပေါင်းရာချီပြီး ကွင်းသစ်ကြီးကို ဖြစ်တည်လာစေ ခဲ့တယ်။ သူတို့မှာ ငွေကြေး အရမ်းတောင့်တင်းခိုင်မာသွားတယ်။ ဒီငွေတွေကနေ ဘပ်ပီနဲ့ဘယ်လင်ဂမ်လို ကစား သမားတွေကို ခေါ်နိုင်ခဲ့တယ်။ ဒီငွေတွေအားလုံးနဲ့ အောင်မြင်မှု ကျော်ကြားမှုတွေကို စီရိုနယ်ဒိုက ဆောင်ကျဉ်း ပေးသွားတာဖြစ်လို့ ဒီနေ့ ရီးရဲလ်ကို တစ်ချိန်က မန်ယူဆီကနေ ခေါ်တုန်းက ပေးရတဲ့စျေးမဟုတ်ဘဲ ပေါင် ၁ ဘီလီယံပေးခေါ်ရတယ်ဆိုရင်တောင် တန်တယ်လို့ သူတို့ ပြောကြမှာပဲ” တဲ့။
အိုဝင်ရဲ့ တွက်ချက်နှိုင်းယှဉ်ပြချက်က ယုတ္တိရှိတဲ့သဘောဆောင်ပါတယ်။ တစ်ဘီလီယံတန် ဘောလုံးသမားဆို တာ ဒီကမ္ဘာမှာ စီရိုနယ်ဒိုပဲ ရှိတယ်လို့ အိုဝင်က ပြောလိုက်သလိုပါပဲ။ ဘယ်သူနဲ့မှတော့ နှိုင်းယှဉ်တွက်ချက်ပြော ဆိုသွားတာမျိုးမဟုတ်ပါဘူး။ စျေးကွက်နဲ့ အောင်မြင်မှုကို ပူပေါင်းဖော်ဆောင်သွားနိုင်မှုမှာ စီရိုနယ်ဒိုဆိုတဲ့ Brand က တကယ့် ထိပ်ဆုံးအဆင့်ဆိုတာကို အိုဝင်က မီးမောင်းထိုးပြသွားခြင်းသာဖြစ်တယ်လို့ ဆိုလိုက်ပါရစေ။

Credit

image