3 w - Translate

ဒဏ်ရာကြောင့် ဝစ်ဆာ (၂)လခန့် နားရမည်
--------------------
မန်စီးတီးအသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ရခဲ့တဲ့ဒဏ်ရာကြောင့် တိုက်စစ်မှူး ဝစ်ဆာဟာ (၂)လခန့် အနားယူရဖွယ်ရှိတယ်လို့ ဘရန့်ဖို့ဒ်အသင်းရဲ့နည်းပြ သောမတ်ဖရန့်က စက်တင်ဘာလ(၁၆)ရက်နေ့မှာ ပြောကြား ခဲ့ပါတယ်။ ဝစ်ဆာဟာ မန်စီးတီးအသင်းနဲ့ကစားခဲ့တဲ့ ပထမပိုင်းမှာကတည်းက ကိုဗာဆစ်ရဲ့ဖြတ်ထုတ်မှုကြောင့် ဒဏ်ရာရခဲ့တာဖြစ်ပြီး လူစားလဲခံခဲ့ရတာပါ။

ဘရန့်ဖို့ဒ်နည်းပြ သောမတ်ဖရန့်က ဝစ်ဆာဟာ ခြေကျင်းဝတ်ဒဏ်ရာ ရခဲ့တာဖြစ်ပြီး (၂)လနီးပါး အနားယူရဖွယ်ရှိ တာကြောင့် လာမယ့်နိုဝင်ဘာလလောက်မှသာ အသင်းအတွက်ပြန်လည် ကစားပေးနိုင်ဖွယ်ရှိတယ်လို့ အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက ဒဏ်ရာပြဿနာတွေ များပြားခဲ့ တာကြောင့် စိတ်ညစ်ခဲ့ရတဲ့အတွက် အခုရာသီမှာ ဒဏ်ရာပြဿ နာနည်းဖို့ မျှော်လင့်မိတယ်လို့လည်း ဘရန့်ဖို့ဒ် နည်းပြသောမတ်ဖရန့်က ဆက်လက် ပြောကြားခဲ့ပါသေးတယ်။ ဘရန့်ဖို့ဒ်အသင်းဟာ မန်စီးတီးအသင်းနဲ့ကစားခဲ့ တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ (၂)ဂိုး၊ (၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့တာကြောင့် (၄)ပွဲကစား၊ (၂)ပွဲနိုင်၊ (၂)ပွဲရှုံးရလဒ်နဲ့အတူ အမှတ်ပေးဇယားရဲ့အဆင့်(၉)နေရာမှာ ရပ်တည်နေပါတယ်။

image