3 w - Translate

နေ့စဉ်မုန်လာဥနီသောက်သင့်တဲ့အကျိုးကျေးဇူး၁၀ချက်
1.နေလောင်ဒဏ်ကိုကာကွယ်ပေးပီးနေ့စဉ်သောက်သင့်ပါတယ်။
2.အသည်းလုပ်ဆောင်ချက်ကောင်းမွန်စေသည်/ ခန္ဓာကိုယ်အတွင်းအဆိပ်များကိုဖယ်ရှားရန်ကူညီပေးသည်။
3.ကင်ဆာရောဂါကာကွယ်ပေးသည်(သားအိမ်ခေါင်းကင်ဆာ/ ရင်သားနဲ့အူမကြီးကဲ့သို့ကင်ဆာ)အမျိုးအစားတွေကိုကာကွယ်ရန်ကူညီပေးသည်။
4.မုန်လာဥနီဖျော်ရည်သည်cholesterolကိုလျော့ချပေးသည်
အမျှင်ဓာက်များစွာပါ၀င်ပီးကိုလက်စ‌ထရောလ်နှင့်ပေါင်းစပ်ပီးအညစ်အကြေးဖြင့်ထုတ်လွှတ်ရန်ကူညီပေးသည်။
5.vitaminA ပါ၀င်ပီးအမြင်အာရုံကိုကောင်းစေသည်။
6.ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးသည် ရောင်ရမ်းခြင်းကိုေလျှာ့ချရာတွင်ကူညီပေးသည်။
7.vitamin A များပါ၀င်သောကြောင့်အသားအရည်ခြောက်သွေ့ခြင်းမှကာကွယ်ပေးသည်အသားအရည်ကိုစိုစွတ်စေပီး အမာရွတ်များကိုပျောက်ကင်းစေသည်။
8.သံဓာက်ပါ၀င်သောကြောင့်နေ့စဉ်လိုအပ်သည့်စွမ်းအင်ကို‌ေထာက်ပံ့ရာတွင်မရှိမဖစ်လိုအပ်သည်။
9.အပြုံးကိုတိုးတက်ကောင်းမွန်စေသည် မုန်လာဥနီတွင်သွားကို‌အထောက်အကူဖစ်စေသည့် antibacterial ဂုဏ်သတ္တိများရှိပီး အစွန်းအထင်းများဖယ်ရှားပေးပီးသွားကိုပိုမိုဖြူစေသည်။
10.နုပျိုစေဖို့ကူညီပေးသည် Beta-carotene ပမာဏများစွာပါဝင်ပီး အရေပြားနုပျိုစေပီးအရေးအကြောင်းလျော့ခြင်းမှကာကွယ်ပေးသည်။

👉နေ့စဉ်မုန်လာဥနီသောက်သင့်လား ?
မုန်လာဥနီသည်အသည်းလုပ်ဆောင်ချက်ကိုကောင်းစေသည်။
အဆိပ်အတောက်ကို‌ဖယ်ရှားပေးပီး ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးသည် ။ခန္ဓာကိုယ်မှာလိုအပ်တဲ့antioxidantကိုပေးစွမ်းနိုင်သည်။

👉ဘယ်အချိန်မှာသောက်သင့်လဲ?
ထမင်းမစားခင်မိနစ်20ခန့်အလိုတွင်သောက်သုံးခြင်းဖြင့်အစာကြေခြင်းကိုလှုံ့ဆော်ပေးသည်။အသည်းကိုသန့်ရှင်းစေသောကြောင့်အရက်နာကျသူများအတွက်မနက်
ခင်းသောက်ခြင်းသည်အကောင်းဆုံးဖစ်သည်။

👉မုန်လာဥနီသောက်ခြင်းသည်၀စေလား?
ကယ်လိုရီနည်းပီးဖိုင်ဘာအပြည့်အ၀ပါသောကြောင့်ကိုယ်အလေးချိန်ကျစေသည့်အကောင်းဆုံးအစားအစာဖစ်သည် ဖိုင်ဘာပါ၀င်မှုကြောင့် မုန်လာဥနီဖျော်ရည်သည် နေ့လည်ထမင်းစားချိန်အထိအပြည့်အ၀နေနိုင်စေသည် ။အဆီကိုလောင်ကျွမ်းစေပီးကိုယ်အလေးချိန်ကျစေသည်။

👉အိပ်ရာမ၀င်ခင်သောက်သုံးလို့ရလား?
အိပ်ရာမ၀င်ခင်သောက်သုံးခြင်းသည်အိပ်စက်မှုကိုပိုမိုကောင်းမွန်စေပါသည်။

👉မုန်လာဥနီဖျော်ရည်သည်ကိုယ်ခန္ဓာအတွက်ဘာပြုလုပ်ပေးလဲ?
VitaminA/fiber /vitamink1/potassium/antioxidants(1) မျက်စိရောဂါများကာကွယ်ပေးပီးအမြင်အာရုံတိုးတက်ကောင်းမွန်စေသည်။
နှလုံးရောဂါနဲ့လေဖြတ်ခြင်းကို‌လည်းလျော့နည်းစေသည်။
ခန္ဓာကိုယ်အလေးချိန်ကျစေသည်။
အရွယ်တင်နုပျိုစေပီးအသားအရေကိုတင်းရင်းလှပစေသည်။
အသားအရည်ကိုကြည်လင်စေသည်။

👉မုန်လာဥနီရဲ့ဘေးထွက်ဆိုးကျိုးများ
Beta-caroten ပါ၀င်သောအစားအစာများသည် အလွန်အကျွံစားပေးပါကအရေးပြားကိုအဝါရောင်သို့လိမ္မော်ရောင်ကိုပြောင်းစေနိုင်ပါသည်။
#carrotjuice #health

image