3 w - Translate

ရန်ကုန်မြစ် ထူးကဲဒီရေတက်နိုင်သော်လည်း စိုးရိမ်စရာမရှိ
------------------------
ရန်ကုန်မြစ်အတွင်း တစ်ပတ်ကြာ ထူးကဲဒီရေတက်နိုင်ပေမယ့် စိုးရိမ်စရာ မရှိဘူးလို့ မြန်မာ့ဆိပ်ကမ်း အာဏာပိုင် က သတိပေးချက် ထုတ်ပြန်ထားပါတယ်။ စက်တင်ဘာ (၁၇)ရက်ကနေ (၂၃)ရက်အထိ ရန်ကုန်မြစ်အတွင်း အခြေခံ ရေစစ်မျဉ်းအထက် အမြင့်ပေ ၂၀ ဒသမ ၁၁ ပေခန့်ကနေ ၂၁ ဒသမ ၇၂ ပေခန့်အထိ သာမန်ထက် ထူးကဲဒီရေ တက်နိုင်တာလို့ ဆိုပါတယ်။

အရင် ၂၀၁၄-၂၀၁၅ ခုနှစ်တွေကလည်း ရန်ကုန်မြစ်အတွင်း အခြေခံ ရေစစ်မျဉ်းအထက် အမြင့်ပေ (၂၂) ပေခန့် အထိ တက်ခဲ့ဖူးတာကြောင့် စိုးရိမ်ဖွယ် မရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ရန်ကုန်မြစ်ရဲ့ ခန့်မှန်း ဒီရေအမြင့်ဟာ အခြေခံ ရေစစ်မျဉ်းအထက် အမြင့်ပေ(၂၀)ကို ကျော်လွန်နိုင်တဲ့အခါ မြစ်ကမ်းနားဒေသတွေအနီး နေနိုင်ကြတဲ့ လုပ်သားပြည်သူတွေအနေနဲ့ ကြိုတင်ပြင်ဆင် မှုတွေ ဆောင်ရွက်ထားနိုင်ဖို့ အခုလို သတိပေးထုတ် ပြန်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

image