3 w - Translate

ကိုကိုနဲ့ယူပြီးရင် မနက်၅နာရီထိုးတာနဲ့ ကိုကိုရဲ့ မနက်စာနဲ့ နေ့လည်စာအတွက်ထမင်းနဲ့ဟင်းထချက်မယ် ။ပြီးရင် ကိုကို့ အတွက် သွားပွတ်တံမှာ သွားတိုက်ဆေးလေး ရယ်ဒီလုပ်ပြီးမှ ကိုကို့ ကို အာဘွားပေးပြီး နှိုးမယ် ။ပြီးရင် ကိုကို နဲ့ မနက်စာစားမယ် ။ပြီးရင်အလုပ်သွားမယ် အလုပ်ရောက်ရင် ကိုကို့ ကို အလုပ်ရောက်ပြီဖြစ်ကြောင်းဖုန်းဆက်မယ် ။ အလုပ်ကပြန်ရင်လည်း ပြန်လာပြီဖြစ်ကြောင်းဖုန်းဆက်မယ် ။ အလုပ်က ပျော်စရာတွေ ကိုကိုနဲ့ ပြောပြီးရယ်မယ် ။ ဝမ်းနည်းစရာကိုလည်းကိုကို့ရဲ့ ပခုံးလေးမှာမှီပြီး ငိုမယ် ။ ကိုကို့ရဲ့ နေ့စဥ်ဘဝတွေကိုလည်းနားထောင်မယ် ။ ကိုကိုခေါင်းလျှော်ရင် ကိုကို့ရဲ့ဆံပင်ရေသုတ် dryer နဲ့မှုတ်မယ် ။ အိပ်ရာမဝင်ခင် ကိုကို့ကို ဦးသုံးကြိမ်ချ အာဘွားသုံးချက်ပေးမယ် ။ ပြီးရင် ကိုကိုနဲ့ဖက်ပြီးအိပ်မယ် ။

#မူရင်းစာပိုင်ရှင်ကိုcrdပေးပါတယ်ရှင့်
#ချစ်သော
#admin1

image