ကြီးမြတ်သူတွေကိုစော်ကားရင်
မြေမြိုတတ်တယ်သင်ပေးပြီး
မြေတွေမဆင်မခြင်တူးရင်
မြေပြိုတတ်တယ်သင်မပေးခဲ့ဘူး
ကမ္ဘာပျက်ရင်
နေခုနှစ်စင်းထွက်မယ်သင်ပေးခဲ့ပြီး
ကမ္ဘာကိုကာကွယ်ဖို့
သဘာဝပတ်ဝန်းကျင်ကိုထိမ်းသိမ်းရမယ်လို့
သင်မပေးခဲ့ဘူး
အကုသိုလ်အားကြီးရင်
ရေလွှမ်းမိုးဖျက်ဆီးခံရမယ်
သင်ပေးခဲ့ပြီး
သစ်တောတွေခုတ်ရင်
ရေဘေးကြုံရနိုင်တယ်ဆိုတာ
မသင်ပေးခဲ့ဘူး
အတ္တာဟိအတ္တနော နာထော ထက်
ကံ ပါလာရင်မတတ်နိုင်ဘူးဆိုပြီး
ကံကိုယုံလို့
ဆူးပုံကြားကရုန်းမထွက်ဘဲခေါင်းတိုးအိပ်တဲ့နိုင်ငံ
အရာရာကံပါလို့တွင်တွင်သုံးနေကြပေမဲ့
ကံ ဟာ အလုပ် ဆိုတာကိုမေ့နေကြတဲ့နိုင်ငံ
တလွဲတွေသင်ပြီး
တလွဲဆံပင်ကောင်းနေကြတော့
ငရဲ ကရောက်လာတယ်
Credit