3 w - Translate

ကလောမြို့ ရေကြီးမှု အိမ်ခြေ ၈၀၀ ကျော် ပျက်စီးခဲ့
----------------------
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့မှာ ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုတွေကြောင့် အိမ်ခြေ ၈၀၀ ကျော် ပျက်စီး ဆုံးရှုူံးခဲ့ရပြီး သေဆုံးသူ ၁၃ ယောက်ရှိတယ်လို့ ကလောမြို့မှာ ရေဘေးကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ ကလောမြို့ဒေသခံ ဦးလှဝင်းက One News ကို ပြောပါတယ်၊၊

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်မှ စတင်ကာ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေတွေကြောင့် ကလောမြို့ ပေါ်မှာ ရေကြီးရေလျှံမှု နဲ့ မြေပြိုမှုတွေကို ကြုံတွေ့ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ ရေကပြန်ကျသွားပေမယ့် ရေကြီးတဲ့အချိန်က ရပ်ကွက်တွေပေါ်မှာ ကျန်ခဲ့တဲ့ နုန်းတွေကို လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူ သန့်ရှင်း ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့ ဦးလှဝင်းက ပြောပါတယ်၊၊

ကလောမြို့မှာ ရေဘေးကြုံတွေ့ခဲ့ရတဲ့ အများဆုံးနေရာတွေကတော့ ရပ်ကွက်(၂)၊ (၃)နဲ့ (၄)ရပ်ကွက်တွေက အိမ်ခြေတွေ ရေကြီးနစ်မြုပ်ခဲ့ရတာဖြစ်ပြီး ရေဘေးသင့်ပြည်သူ လေးထောင်ကျော် ရှိတယ်လို့လည်း သိရပါတယ်။

imageimage