3 w - Translate

ရေဘေးကြောင့် သေဆုံးသူ ၂၂၆ ဦး ရှိလာ
-----------------------
နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့တဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၁၆ ရက်၊ ညနေ ၄ နာရီအထိ စာရင်းအရ ပြည်သူ ၂၂၆ ယောက် သေဆုံးခဲ့ပြီး ပျောက်ဆုံးသူ ၇၇ ယောက် ရှိတယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

နေပြည်တော်အပါအဝင် ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး နဲ့ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၅၆ မြို့နယ်က ရပ်ကွက်/ကျေးရွာတွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တာလို့ ဆိုပါတယ်။

ရေဝင်ရောက်မှု ဖြစ်ပေါ်ခဲ့တဲ့ မြို့နယ်တွေမှာ လူနေအိမ် ၂၁၁၆ လုံး ထိခိုက်ပျက်စီးခဲ့ပြီး ၁၅၈၃၇၃ လုံး ရေဝင် နစ်မြုပ်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။

ရေဘေးကြုံတွေ့ခဲ့ရတဲ့ တိုင်း နဲ့ ပြည်နယ်တွေမှာတော့ ရေဘေးကယ်ဆယ်ရေးစခန်း ၄၃၈ ခု ဖွင့်လှစ်ပြီး အိမ်ထောင်စု ၄၂၈၅၈ စု၊ လူဦးရေ ၁၆၃၇၁၀ ကို ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် နေပြည်တော် အပါအဝင် တိုင်း နဲ့ ပြည်နယ်အချို့မှာ ရေကြီးရေလျှံမှုတွေကြောင့် စက်တင်ဘာ ၁၆ ရက်၊ ညနေ ၄ နာရီအထိ စာရင်းတွေ အရ ရုံး/ဌာ န အဆောက်အဦ ၁၁၇ လုံး၊ စာသင်ကျောင်း ၁၀၄၀ ကျောင်း၊ ဘာသာရေးအဆောက်အဦ ၃၈၆ လုံး၊ လမ်း/ တံတား အချို့ ၊ လျှပ်စစ်မီးတိုင် နဲ့ ဆက်သွယ်ရေးတိုင်တွေ ရေဝင်နစ်မြုပ်ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့သလို တိရစ္ဆာန် အကောင် ၁၃၀၀၀၀ နီးပါး သေဆုံးပြီး စပါး နဲ့ သီးနှံမျိုးစုံ ဧက ခြောက်သိန်းခွဲ နီးပါး ရေဝင်နစ်မြုပ်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

image