3 w - Translate

Skin အမျိုးအစားကို ခွဲခြားတတ်ပြီလား။

ကိုယ့်ရဲ့ Skin အနေအထားကိုသိမှ Skincare
ရွေးချယ်တဲ့အခါမှာ ကိုယ့်အတွက်ပိုအဆင်ပြေလွယ်ကူနိုင်ပါတယ်။

ဒါဆိုလေ့လာကြည့်ကြမယ်။

(1) Normal Skin

- Normal Skin တွင် အသားအရည်က ချောမွေ့နေတတ်ပြီး
ချွေးပေါက်ကိုမမြင်ရတတ်ပါ။ Skin Problem လည်း
သိပ်များများစားစားမရှိသော အသားအရည်မျိုးပါ။

(2) Dry Skin

- ဒီအသားအရည်ဟာဆိုရင် မွဲခြောက်ကြမ်းတမ်းနေတတ်ပြီး အရေးကြောင်းလည်း ထင်းလင်းနေတတ်ပြီး အရေခွံလန်တာမျိုးလည်း ဖြစ်တတ်တာကိုတွေ့ရပါတယ်။
ခြောက်သွေ့နေတာရယ်ကြောင့် ကြည့်လိုက်တာနဲ့
စိုစိုပြေပြေဖြစ်မနေသော အသားအရည်ပါ။

(3) Combination Skin

- ဒီ Skin မှာဆိုရင် ပါးနှစ်ဖက်ဟာ ခြောက်သွေ့ပြီး
နဖူးနဲ့နှာခေါင်းဟာအဆီပြန်နေတတ်ပါတယ်။ ဆားဝက်ခြံလည်း ထွက်လွယ်သော အသားအရည် ပိုင်ရှင်မျိုးပါ။

(4) Oily Skin

- သူ့မှာတော့ အသားအရည်က အမြဲလိုလို အဆီပြန်နေပြီး ပြောင်လက်နေတာမျိုးပါ။ ချွေးပေါက်တေလည်း ထင်ရှားပြီး
ဝက်ခြံထွက်လွယ်သော အသားအရည်ပါ။ သူ့တွင်မူ T-Zone Skin မှာပိုသိသာပါတယ်။

(5) Sensitive Skin

- သူ့မှာတော့ သိသာလွယ်တယ် မျက်နှာကနီမြန်းလွယ်တယ်။
အသားအရည်က အသားခြောက်တဲ့အခါမှာ ယားယံတာမျိုးဖြစ်တတ်တယ်။ မကြာခဏဆိုသလိုလည်း break out ကဖြစ်လွယ်ပါတယ်။ အထူးကရုစိုက်ပါ။

အာ့အသားအရည်တွေကို ဘယ်လိုမျိုးသိနိုင်မလဲဆိုရင်
ကိုယ်က မျက်နှာသန့်စင်ပြီးချိန် မိနစ်(4ကြာတဲ့အခါမှာ
မှန်ထဲပြန်ကြည့်ကြည့်ပါ။ စောင့်ကြည့်နေချိန်မှာ မည်သည့် Product ကိုမှ အသုံးမပြုကပါ။ အာ့အချိန်က
သင့်ရဲ့အသားအရည်အမျိုးအစားကို ခွဲခြားပေးပါလိမ့်မယ်

image