3 w - Translate

ပဲခူး ၅ မြို့နယ်၌ လူဦးရေ ၈၇၀၀၀ ကျော် ရေဘေးသင့်
-----------------------
ပဲခူးတိုင်းဒေသကြီးအတွင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် မြို့နယ် ၅ မြို့နယ်မှာ လူဦးရေ ၈၇၀၀၀ ကျော် ရေဘေးသင့်ခဲ့တယ်လို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ သိရပါတယ်၊၊
စက်တင်ဘာ ၁၁ရက်ကနေ ၁၅ရက်အတွင်း တောင်ငူ၊ ရေတာရှည်၊ ထန်းတပင်၊ အုတ်တွင်း နဲ့ ဖြူး စတဲ့ မြို့နယ် ၅ မြိုု့နယ်ရှိ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၇၃ စုက အိမ်ထောင်စု ၂ သောင်းကျော်၊ လူဦးရေ ၈၇၀၀၀ကျော် ရေဘေး သင့် ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်၊၊

အဲဒီရေဘေးသင့်သူတွေအတွက် ယာယီရေဘေးရှောင်စခန်း ၁၀၀ ဖွင့်လှစ်ထား ရှိကာ ဆွေမျိုးတွေနေအိမ်တွေကို ခေတ္တပြောင်းရွှေ့နေထိုင်နေတာနဲ့ ရေကြီးရေလျှံမှုတွေကြောင့် အသက် အန္တရာယ်ထိခိုက်သူမရှိဘူးလို့လည်း သိရပါတယ်၊၊

ဒါ့အပြင် နိုင်ငံတော်အနေနဲ့ ရေဘေးသင့်ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်ကို အတတ်နိုင်ဆုံး ဖြည့်ဆည်း ဆောင် ရွက်ပေးမှာဖြစ်ပြီး ဘေးအန္တရာယ်ကျရောက်ချိန်မှာ ပြန်လည်ထူထောင်ရေးနဲ့ ပြန်လည်တည် ဆောက်ရေး လုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်ကြဖို့ လို့တယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းက စက်တင်ဘာ ၁၅ရက်က ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ရှိ ရေဘးသင့်ပြည်သူတွေနဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့ပါတယ်၊၊

image