3 w - Translate

စပိန်ကြယ်ပွင့် ယာမယ်အတွက် PSG ၏ စံချိန်တင်ကမ်းလှမ်းမှုကို ဘာစီလိုနာ ပယ်ချ
စပိန်ကြယ်ပွင့် လာမိန်းယာမယ်အတွက် PSG အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းမှုကို ဘာစီလိုနာအသင်းက ပယ်ချသွားပါတယ်။

PSG အသင်းဟာ အမ်ဘာပေကို ရီးရဲလ်မက်ဒရစ်ဆီ ရောင်းချခဲ့ပြီးနောက် ဘာစီလိုနာ ကြယ်ပွင့် လာမိန်းယာမယ်ကို ယူရိုသန်း ၂၅၀ ခန့်နဲ့ ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ကြောင်း အေးဂျင့် အန်ဒီဘာရာက ပြောပါတယ်။

သူဟာ ဘာစီလိုနာ တိုက်စစ်ကစားသမား ဒမ်နီအော်လ်မိုရဲ့ အေးဂျင့်ဖြစ်ပြီး ယာမယ်အပေါ် ပီအက်စ်ဂျီရဲ့ ကမ်းလှမ်းချက်ကို သိရှိခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့တာပါ။

အော်လ်မိုအတွက်လည်း ထိပ်တန်းအသင်းကြီး သုံး-လေးသင်းလောက်ရဲ့ ကမ်းလှမ်းမှုရခဲ့ပြီး ဘာစီလိုနာကို ရွေးချယ်ခဲ့တာဖြစ်ကြောင်း အေးဂျင့် ဘာရာက ပြောသွားပါတယ်။

dvb

image