3 w - Translate

တောင်ငူမှာရေဘေး ကယ်ဆယ်​ရေးသမားတစ်ဦး သေဆုံး
စက်တင်ဘာ၁၆
တောင်ငူမြို့နယ်မှာ ရေဘေးဒုက္ခသည်တွေကို ကူညီကယ်ဆယ်နေသူတစ်ဦး စက်တင်ဘာလ ၁၅ ရက်နေ့က ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေစဉ် ရေစီးနဲ့ မျောပါ သေဆုံးသွားတယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။
သေဆုံးသူဟာ ရှင်ပေါလုအသင်းတော် ကူညီကယ်ဆယ်အရေးအဖွဲ့ကဖြစ်ပြီး အသက် ၂၆ နှစ်အရွယ် စောနော်ဂျာ ဖြစ်ပါတယ်။
တောင်ငူမြို့နယ် စစ်တောင်းမြစ် အရှေ့ဘက်ကမ်းက ရေဘေး ဒုက္ခသည်တွေကို ကူညီဖို့သွားချိန် ရေစီးနဲ့မျောပါ သေဆုံးသွားတာ ဖြစ်ပါတယ်။
ဓာတ်ပုံ...လူမှုကွန်ယက်။

imageimage