3 w - Translate

ရေဘေးသင့်ပြည်သူများအား ထမင်းဘူး ဆက်လက်လှူဒါန်း
----------------
နေပြည်တော်ကောင်စီနယ်မြေက ရေဘေးသင့် ပြည်သူတွေကို ရွှေသံလွင် Group SKY NET နှင့် SHWE BANK မိသားစုတို့က စက်တင်ဘာ ၁၆ ရက်မှာ ထမင်းဘူးတွေ သွားရောက်လှူဒါန်းခဲ့ပါတယ်။

ထမင်းဘူးလှူဒါန်းမှုအနေ နဲ့ စက်တင်ဘာ ၁၆ ရက်၊ မနက်ပိုင်းမှာတော့ နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ညောင်ပင်သာ ကျေးရွာနဲ့ ကျောက်အိုး ကျေးရွာ ရွာဦးကျောင်းမှာ ဖွင့်လှစ်ထားတဲ့ ရေဘေးကယ်ဆယ်ရေးစခန်းက ရေဘေးသင့် ပြည်သူတွေကို ထမင်းဘူး အရေအတွက် ၂၀၀၀ လှူဒါန်းခဲ့ပါတယ်။

ဆက်လက်ပြီး တပ်ကုန်းမြို့နယ်၊ ကင်းသာ ရေဘေးကယ်ဆယ်ရေးစခန်းမှာ ထမင်းဘူး (၇၀၀)၊ အမှတ်(၁၀၉) ခြေမြန်တပ်ရင်းမှာ ဖွင့်လှစ်ထားတဲ့ ရေဘေး ကယ်ဆယ်ရေးစခန်းမှာ ထမင်းဘူး (၅၀၀)၊ ကပစ (၁)နဲ့ (၄) တို့မှာ ဖွင့်လှစ်ထားတဲ့ ရေဘေးကယ်ဆယ်ရေး စခန်းမှာ ထမင်းဘူး (၁၃၀၀) လှူဒါန်းခဲ့ပါတယ်။

ထမင်းဘူးလှူဒါန်းရာမှာ မနက်ပိုင်းမှာ ထမင်းဖြူ၊ ကြက်သားဟင်း၊ ငရုတ်သီးကြော် ပါတဲ့ ထမင်းဘူးအရေ အတွက် ၄၅၀၀ နဲ့ ညနေပိုင်းမှာ ထမင်းဘူးအရေအတွက် ၅၅၀၀ ကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာ ဒုတိယ ပတ်အတွင်းက အာရှဒေသမှာဖြစ်ပေါ်ခဲ့တဲ့ တိုင်ဖွန်း မုန်တိုင်း ရာဂိ အရှိန်ကြောင့် အရှ ဒေသတချို့အပြင် မြန်မာ နိုင်ငံမှာလည်း မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းပြီး နေပြည်တော် အပါအဝင် တိုင်းနဲ့ ပြည်နယ်အချို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

image