3 w - Translate

စားအုန်းဆီရည်ညွှန်းဈေး တစ်ပိဿာ ကျပ် ၆၇၀၀ ကျော်လာ
------------------------
ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့တဲ့ နိုင်ငံတွေမှာ ဈေးကွက်နဲ့ ဈေးနှုန်းဖြစ်ပေါ်မှုတွေအရ စက်တင်ဘာလ ၁၆ ရက်ကနေ ၂၂ ရက်အထိ ရန်ကုန်အထိုင်ဈေး လက်ကားရည်ညွှန်းဈေးအဖြစ် စားအုန်းဆီတစ်ပိဿာကို ၆၇၂၀ ကျပ် သတ်မှတ်ထားတယ်လို့ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီက ထုတ်ပြန် ထားပါတယ်။ ပြီးခဲ့တဲ့ အပတ်ကတော့ ရန်ကုန်အထိုင်ဈေး လက်ကားရည်ညွှန်းဈေးဟာ တစ်ပိဿာကို ၆၆၀၅ ကျပ် သတ်မှတ်ခဲ့တဲ့အတွက် အခုတစ်ပတ်မှာ ၁၁၅ ကျပ် ဈေးနှုန်းမြင့်တက်သွားတာ တွေ့ရပါတယ်။

စားအုန်းဆီရည်ညွှန်းဈေးတွေကို စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့တဲ့ မလေးရှားနိုင်ငံမှာဖြစ်ပေါ်နေတဲ့ ဈေးနှုန်း တွေကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်တွေ၊ ဘဏ်စရိတ်တွေ၊ အခွန်အခတွေ ထည့်သွင်း တွက်ချက်ပြီး ပြည်တွင်းဈေးကွက်မှာ ရောင်းဝယ်ရမယ့် အခြေခံလက်ကားရည်ညွှန်းဈေးတွေကို ထုတ်ပြန်ပေး နေတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြည်တွင်းဈေးကွက်ထဲမှာ စားအုန်းဆီကို ဈေးကစားဖို့ရည်ရွယ်ချက်နဲ့ သိုလှောင်တာ၊ ဈေးနှုန်းမြှင့်တင် ရောင်းချတာနဲ့ မသမာတဲ့လုပ်ဆောင်မှုတွေပြုလုပ်ရင် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေး ယူဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။

image