3 w - Translate

ယာမယ်ကို ဂျီရိုနာနည်းပြ မစ်ချယ် ချီးကျူး
--------------------
ဂျီရိုနာအသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ဘာစီလိုနာအသင်းရဲ့ စပိန်တောင်ပံကစားသမား ယာမယ် ကို ဂျီရိုနာနည်းပြ မစ်ချယ်က ပွဲအပြီးမှာ ချီးကျူးသွားခဲ့ပါတယ်။ ယာမယ်ဟာ ဂျီရိုနာအသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ခြေစွမ်းပြနိုင်ခဲ့သလို ဘာစီလိုနာအသင်းအတွက် သွင်းဂိုး(၂)ဂိုးကိုလည်း သွင်းယူနိုင်ခဲ့တာပါ။

ယာမယ်က ပွဲရလဒ် ကို ပြောင်းလဲအောင် လုပ်ဆောင်ပေးနိုင်စွမ်းရှိသလို အသက်(၁၇)နှစ်အရွယ်မှာတင် အကောင်းဆုံးကစားသမား တွေထဲက တစ်ယောက်ဖြစ်နေပြီလို့ ဂျီရိုနာနည်းပြ မစ်ချယ်က ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာအသင်း မှာ မက်ဆီလိုမျိုး အကောင်းဆုံးကစားသမားတစ်ယောက်ကို အခုနောက်ပိုင်းမှာ မမြင်တွေ့ခဲ့ရပေမယ့် ယာမယ် က မက်ဆီလိုဖြစ်လာနိုင်တယ်လို့လည်း နည်းပြမစ်ချယ်က ဆက်လက်ပြောကြားခဲ့ပါသေးတယ်။

ယာမယ်ဟာ ဂျီရိုနာအသင်းကို (၄)ဂိုး၊ (၁)ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အသင်းအတွက် (၂)ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် အခုရာသီ လာလီဂါ(၅)ပွဲကစားပြီးချိန်မှာ (၃)ဂိုးသွင်းယူကာ (၄)ဂိုးအထိ ဖန်တီးနိုင်ခဲ့ပြီဖြစ်ပါတယ်။

image