3 w - Translate

ရေဘေးအတွက် ကျပ်သိန်း ၁၀၀၀ မတည်မည်
-----------------------
မြန်မာနိုင်ငံတစ်ဝန်း ရေဘေးကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ ဝိုင်းဝန်းကူညီဖို့ ကျပ်သိန်း ၁၀၀၀ စတင်မတည်သွားမယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က စက်တင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ရေဘေးသင့်ဒေသတွေမှာ ကယ်ဆယ်ရေးဆောင်ရွက်နေကြတဲ့ အစိုးရအဖွဲ့အစည်းတွေ၊ လူမှုအကျိုးပြု အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ရေဘေးကယ်ဆယ်ရေးစခန်းတွေအတွက် ချက်ပြုတ်ကျွေးမွေးဖို့ ဆန်အိတ်တွေကို လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။ ရေဘေးသင့်ဒေသတွေဆီ ပေါ်ဆန်း/ဧည့်မထ ဆန်အိတ်တွေ လှူဒါန်းလိုတဲ့ အလှူရှင်တွေအတွက် ရည်ညွှန်းဆန်ဈေးနှုန်းတွေအတိုင်း ဆန်အိတ်တွေကို သက်သာတဲ့ဈေးနဲ့ ရောင်းပေးဖို့ စီစဉ် ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဆက်လက်ပြီး ကျေးလက်ဒေသတွေမှာ ရေဘေးမှ ပြန်လည် ထူထောင်ရေးလုပ်ငန်း အထူးသဖြင့် လယ်ယာမြေ တွေမှာ သင့်လျော်တဲ့သီးနှံတွေ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်တဲ့ မျိုး၊ သွင်းအားစု၊ ငွေကြေးထောက်ပံ့ မှုတွေကို စီစဉ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် အထောက်အပံ့/အကူအညီ လိုအပ်တဲ့ အဖွဲ့အစည်း တွေ၊ ပါဝင်လှူဒါန်းလိုတဲ့ အလှူရှင်တွေ၊ လှူဒါန်းဖို့ ဆန်လိုအပ် တဲ့ အဖွဲ့အစည်း/ပုဂ္ဂိုလ်တွေအနေနဲ့ ဆက်သွယ် ဆောင်ရွက်နိုင်ဖို့နဲ့ အသင်းချုပ် အသင်းဝင်တွေအနေနဲ့ ပါဝင်လှူ ဒါန်းနိုင်ဖို့ အသိပေး ထုတ်ပြန်ထားပါတယ်။

image