3 w - Translate

စိတ်ကုန် သွားခြင်းဟာ
ရေစက် ကုန်သွားတာပါ ပဲ😌

♡လူတစ်ယောက်ကို တကယ် စိတ်ကုန်သွားပြီ ဆိုရင်
သူနဲ့ ပက်သက်တာ မှန်သမျှ
စိတ်လည်း မဝင်စားတော့သလို
လာပြောရင်လည်း ရင်ကို မခုန်တော့တာ
ပုံမြင်ရင်လည်း မထူးဆန်းတော့ သလို
လူ မြင်ရင်လည်း ဘာမှကို မတုန်လှုပ်တော့တာ…

♡မုန်းသွားတာလည်း မဟုတ်ဘူး
နာကြည်းနေတာလဲ မဟုတ်ဘူး
ကြောက်နေတာလည်း မဟုတ်ဘူး
ကိုယ့် စိတ်ထဲမှာ သူက တစ်ခါမှ မမြင်ဘူး မပေါင်းသင်းဘူးတဲ့ လူလို ဖြစ်သွားတော့တာ…

♡ချစ်ခြင်း မုန်းခြင်းတွေ မရှိတဲ့ ခံစားချက်က
စိတ်ကုန် သွားခြင်းပါ

♡သူကို ထိခိုက်အောင် လုပ်တာမျိုးလည်း
စိတ်ထဲ မရှိတော့သလို
သူ့ကို တမ်းတ၊ လွမ်းဆွတ်နေတာမျိုးလဲ မရှိတော့ဘူး
လူတွေက သူ့အကြောင်း မကောင်းကြောင်းတွေ
လာလာပြောတဲ့ အခါတိုင်းမှာ
ဝင်မပြောချင် တော့သလို
ကောင်းကြောင်းတွေနဲ့
ချီးမွှန်းခန်း ဖွင့်နေတဲ့ အခါမှာလည်း ဘာမှ ဝင်မပြောတော့ဘဲ
ပြုံးပြီးသာ နားထောင် နေတာမျိုးပါ…

♡စိတ်ကုန် သွားခြင်းဟာ
ရေစက် ကုန်သွားတာပါပဲ

♡လင်မယားတွေ
သမီးရည်းစားတွေ
အရမ်း အခင်ရဆုံး မိတ်ဆွေတွေဟာ…

♡အကြောင်းတရား မျိုးစုံကြောင့်
စိတ်ကုန် သွားနိုင် ကြပါတယ်…

♡စိတ်ဆိုးတာဟာ
အကြောင်းကိစ္စ တခုခုကြောင့် ဖြစ်ပြီး

♡စိတ်ကုန်တာကတော့
အကြောင်းအရာတွေ အားလုံးဟာ
တဖြည်းဖြည်းနဲ့ အဆင်မပြေမှုတွေ
စိတ်သဘောထား မတိုက်ဆိုင်မှုတွေ စုလာပြီး
နောက်ဆုံး ဖြစ်လာတဲ့
အကြောင်းကိစ္စ တစ်ခုကြောင့်
လမ်းခွဲ လိုက်တာမျိုးပါ…

♡ဒါကြောင့် လူတစ်ယောက် စိတ်ဆိုးသွားတယ် ဆိုရင်
သူ စိတ်ပြေလည်တဲ့ အချိန်မှာ
ပြန်လည် ရှင်းပြ၊ တောင်းပန် ညှိနှိုင်းလို့ ရနိုင်ပေမဲ့
စိတ်ကုန် သွားပြီဆိုရင် သင် ဘာမှမတတ်နိုင် တော့ပါဘူး …

♡ဘာမှ ဆက်လုပ်လို့ မရတော့ပဲ
စိတ်ကုန် သွားတဲ့ သူကို ထပ်တလဲလဲတောင်းပန် နေခြင်း
ထပ်ခါထပ်ခါ ရှင်းပြ နေခြင်း
ကြားလူတွေ ပါဝင်၊ ညှိနိူင်း နေစေခြင်းက
ပြဿနာကို ပိုမိုဆိုးရွားနိုင်စေတယ်ဆိုတာ သတိပြုပါ…

♡လောကမှာ လူနှစ်ဦးဟာ ရေစက် ရှိသလောက်ပဲ
ဆုံတွေ့ခွင့် ရှိတယ် ဆိုတာ မမေ့ပါနဲ့

♡ရေစက်ကုန်လို့ စိတ်ကုန် သွားတဲ့အခါ
ဘာမှ ဆက်လုပ်လို့ မရတော့တာမို့
အဲ့ဒီအခြေအနေကို ဒီတိုင်းသာ ထားလိုက်ပါ…

♡ရေစက် ကုန်သွားတဲ့ အခြေအနေကို
ထပ်မံ ဆိုးရွားအောင် ဖန်တီးနေခြင်းက
သင့်ကို အန္တရယ် ဖြစ်စေတယ်
သူကိုလည်း အနှောက်အယှက် ဖြစ်စေနိုင်တယ်
ဆိုတာ သတိပြုပါ…

♡ဒါကြောင့်
အကယ်၍များ
ရေစက်တွေ ကုန်သွားခဲ့ကြရင်ဖြင့်…

♡သင်လည်း သင့်လမ်း သင် ဆက်လျှောက်
သူလည်း သူ့လမ်း သူ ဆက်လျှောက် ကြရင်း
အတူတူ ဆုံတွေခဲ့ဖူးတဲ့
အတိတ်ဟာ အတိတ်တိုင်း
လှပစွာ ကျန်ရစ်ခဲ့ပါစေ……….
#credit
#shwenyarmay

image