3 w - Translate

နားလည်စေချင်တယ်

စိတ်ဆိုးလို့ အိပ်တော့မယ်လို့ပြောတဲ့အခါ"အင်းအိပ်တော့လေ"
လို့ကြားချင်တာမဟုတ်ခဲ့ဘူး

တစ်ယောက်ထဲပဲ နေတော့မယ်လို့ပြောတဲ့အခါ"ဆုံးဖြတ်ပြီးပြီလား"
လို့ကြားချင်တာမဟုတ်ခဲ့ဘူး

လာမတွေ့နဲ့လို့ပြောတဲ့အခါ "အဲ့ဒါဆိုမလာတော့ဘူးနော်"
ဆိုတာမျိုးကြားချင်တာမဟုတ်ခဲ့ဘူး

စိတ်ကောက်နေတဲ့အခါ
တောင်းပန်ပါတယ်ပြောပြီးငြိမ်သက်သွားတာထပ်
တီတီတာတာလေးတွေပြောပြီးအချော့ခံချင်ခဲ့တာ

တခါတလေမှာ တမင်ရည်ရွယ်ပြီးအနိုင်ယူချင်တဲ့စိတ်မရှိပါဘူး
အလျှော့ပေးတာလေးခံချင်ရုံသက်သက်ပါ

ချစ်ရတာမပင်ပန်းပါဘူး
မျှော်လင့်ရတာတော့ပင်ပန်းမိတယ်အချစ်ရယ်

image