3 w - Translate

ကမ္ဘာ့ဖလားရရန်ပစ်မှတ်ထားဟု ပိုချက်တီနိုပြော
-----------------------
အမေရိကန်လက်ရွေးစင်အသင်းနည်းပြသစ် ဖြစ်လာတဲ့ ပိုချက်တီနိုက အမေရိကန်အမျိုးသမီးအသင်းလိုပဲ ကမ္ဘာ့ဖလားကို ရယူနိုင်ဖို့ ပစ်မှတ်ထားတယ်လို့ ပြောကြားလိုက်ပါတယ်။ စက်တင်ဘာ ၁၃ ရက်နေ့က အမေရိကန်နည်းပြသစ်အဖြစ် မိတ်ဆက်ပွဲမှာ ပိုချက်တီနိုက အခုလိုပြောခဲ့တာဖြစ်ပါတယ်။

အမေရိကန် အသင်းနဲ့အတူ နိုင်ပွဲတွေရယူနိုင်ဖို့အတွက် ရောက်လာခဲ့တာဖြစ်သလို နိုင်ပွဲတွေရယူနိုင်မယ်ဆိုတာကို ယုံကြည်ချက်အပြည့်ရှိထားဖို့ လိုအပ်တယ်လို့ ပိုချက်တီနိုက ပြောသွားခဲ့တာပါ။ အမေရိကန်အမျိုးသား အသင်းဟာ ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာက အမြင့်မားဆုံး အောင်မြင်မှုဖြစ်ခဲ့ပြီး ၂၀၂၂ ကမ္ဘာ့ဖလားမှာလည်း ၁၆ သင်းအဆင့်နဲ့သာ ထွက်ခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့် အမေရိကန်အမျိုးသမီးအသင်းကတော့ ကမ္ဘာ့ဖလားချန်ပီယံဆုကို ၄ ကြိမ်အထိရရှိထားခဲ့တာဖြစ်လို့ လက်ရွေးစင်အသင်းသားတွေအနေနဲ့ အမျိုးသမီးအသင်းရဲ့ အောင်မြင်မှုတွေကို ဥပမာယူပြီး ကြိုးစားကြရင် ဖြစ်နိုင်တယ်လို့ ပိုချက်တီနိုက ပြောသွားခဲ့တာပါ။ အသက် ၅၂ နှစ်အရွယ် ပိုချက်တီနိုအတွက် အခု အမေရိကန်နည်းပြ ရာထူးက လက်ရွေးစင်အသင်းတစ်သင်းကို ပထမဆုံးအကြိမ် တာဝန်ယူခဲ့တာလည်းဖြစ်ပါတယ်။

image