3 w - Translate

မာလာရှမ်းကောအနှစ်လုပ်နည်း
ငရုတ်သီးစိမ်းငံပြာရည်ချက်

ကြက်သွန်နီ၅လုံးနဲ့ကြက်သွန်ဖြူ၃မွှာလောက်ကိုညက်နေအောင်ထောင်းထားပါ။ ပုဇွန်ခြောက်လက်တဆုပ်စာလောက်ကိုရေဆေးပြီးမညက်တညက်ထောင်းပါ။ငရုတ် သီးစိမ်း၁၀တောင့်လောက်ကိုသက်သက်ထောင်းထားပါ။
အိုးထဲကိုဆီလိုသလောက်ထည့်ပါဆီဆူလာလျှင်နနွင်းမှုန့်အနည်းငယ်ထည့်ပါ ကြက်သွန်ဖြူနီထည့်ပြီးဆီသတ်ပါ အနံ့လေးမွှေးပြီးကြက်သွန်နီလေးနွမ်းလာပြီဆိုရင် ထောင်းထားတဲ့ပုဇွန်ခြောက်ကိုထည့်ပါ အရသာအတွက်ငံပြာရည် အချိုမှုန့် ကြက်သားမှုန့်ထည့်ပါ ငရုတ်သီးခွဲခြမ်းထမင်းစားဇွန်းနဲ့၂ဇွန်းလောက်ထည့်ပြီးမွှေပေးပါ ပြီးရင်ရေအနည်းငယ်ထည့်ပါ ရေလေးဆူလာပြီဆို ထောင်းထားတဲ့ငရုတ်သီးစိမ်းလေးကိုထည့်ပြီးခနအုပ်ထားပါ ဆီပြန်လာပြီဆိုအရသာလေးမြည်းပြီးချလို့ရပါပြီ အသားဟင်းတောင်မလိုပဲတမျိုးထဲစားရင်တောင်ထမင်းမိန်တဲ့ဟင်းလေးဖြစ်ပါတယ်ရှင့်။

image