3 w - Translate

ကစားပုံမကောင်းခဲ့သော်လည်း နိုင်ပွဲရသည့်အပေါ် ဂုဏ်ယူကျေနပ်ဟု နည်းပြအာတေတာ ပြော

စပါးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်မှာ ကစားပုံမကောင်းခဲ့ပေမဲ့ နိုင်ပွဲရယူနိုင်ခဲ့တဲ့အပေါ် ဂုဏ်ယူကျေနပ်ကြောင်း အာဆင်နယ်နည်းပြ အာတောက ပြောပါတယ်။

အာဆင်နယ်အသင်းဟာ စပါးနဲ့ ပွဲစဉ်မှာ အသင်းခေါင်းဆောင် အိုဒီဂတ်နဲ့ ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်တို့ မပါဝင်နိုင်ခဲ့ပေမဲ့ လိုအပ်တဲ့ အနိုင်၃ မှတ်ယူနိုင်ခဲ့တာပါ။

စပါးအသင်းနဲ့ပွဲစဉ်ဟာ အလွန်ခက်ခဲမယ်ဆိုတာ ပွဲမစတင်ခင်ကတည်းက သိရှိထားပြီး အနိုင်ရယူနိုင်စွမ်းရှိတယ်ဆိုကိုလည်း ယုံကြည်ခဲ့ကြောင်း နည်းပြအာတေတာက ပြောပါတယ်။

အာဆင်နယ်အသင်းဟာ မြို့ခံပြိုင်ဘက်စပါးကို အနိုင်ရရှိခဲ့တာကြောင့် အမှတ်ပေးဇယားအဆင့် ၂ နေရာကို ပြန်လည်တက်လှမ်းနိုင်ခဲ့ပါတယ်။
DVB

image