3 w - Translate

ရင့်ကျက်သွားတဲ့အခါ ..

အရင်တုန်းက တစ်ခုခု ဒေါသထွက်ရင်
ချက်ချင်း မစဉ်းစားပဲ ပြန်ပြော၊ ပြန်လုပ်

တတ်ပေမယ့် အခုတော့ နှုတ်ဝရောက်နေ
တဲ့ စကားလုံးအချို့နဲ့ ပေါက်ထွက်တော့မဲ့

ဒေါသတွေကို အချိန်မီ ပြန်မျိုချ တတ်လာ
တယ်။

အရင်တုန်းက သူများဝေဖန်ရင် အိပ်ရေး
ပျက်တဲ့အထိ ခံစားတတ်ပေမဲ့ အခုတော့

တစ်ဖက်နား ကဝင်ပြီး အခြားတစ်ဖက်က
ထွက်သွားတယ်။

အရင်တုန်းက ရင်ဘတ်ထဲက ခံစားတာတွေ
ကို ဦးစားပေးခဲ့ပြီး အရူးကြီး တစ်ယောက်လို

ဖြစ်ပေမဲ့ အခုတော့ နှလုံးသားကို ခဏအနား

ပေးပြီး ဦးနှောက်ကိုပဲ ပိုမျက်နှာသာ ပေးမိ
တယ်။

အရင်တုန်းက လူတစ်ယောက်ကို လွယ်လွယ်
ကူကူ ယုံကြည်တတ်ပေမဲ့ အခုတော့အချိန်

အတိုင်းအတာ တစ်ခုအထိ စောင့်ကြည့်ပြီးမှ
ယုံတတ်လာတယ်။

အရင်တုန်းက ချစ်ရင် ချစ်တယ်။

မုန်းရင်မုန်းတယ် နေလို့ရခဲ့ပေမဲ့ အခုတော့
မုန်းတဲ့လူကိုပြုံးပြပြီး ချစ်တဲ့လူကို ဥပေက္ခာ

ပြုတဲ့ အလေ့အကျင့်တွေလဲ ပိုင်ဆိုင်လာ
တယ်။

အမှန်တိုင်းပြောရရင် ငယ်စဉ်က စိတ်ထဲရှိသ
လို နေရတဲ့ ဘဝလေးကို သတိရတယ်။

ဒါပေမယ့်"ရောမ"ရောက်ရင် "ရောမသား"တွေ

လိုကျင့်ကြံရတယ် ဆိုတဲ့ စကားပုံအတိုင်း အသက်အရွယ် နဲ့အတူ ပြောင်းလဲလာရတယ်။

အမှားတစ်ခုစီက သင်ခန်းစာတွေ ပေးခဲ့တယ်။

အချို့အမှားတွေက ပြင်းထန်လွန်းလို့ အမာ
ရွတ်တွေ ကျန်ခဲ့တယ်။

ဒါပေမယ့် အဲ့ဒီအမာရွတ်တွေကို ဆုတံဆိပ်တွေ
လို ဂုဏ်ယူစွာ တပ်ဆင်ထားတယ်။

ဘယ်လောက် ရွတ်ရွတ်ချွံချွံ တိုက်ခိုက်ခဲ့ပြီး

ဒီအခြေအနေထိ ရောက်လာလဲ ဆိုတာကို ဖော်
ပြနေတဲ့ အမှတ်အသားတွေမို့ တန်ဖိုးထားတယ်။

အသက်ကြီးလို့ လူကြီးဖြစ်တာထက်၊ အသိကြီး
လို့ လူကြီးဖြစ်တာက ပိုကောင်းပါတယ်။

ချစ်သော💖💖💖

#ei 💖
Crd#မူရင်းရေးသားသူ 💖

image