3 w - Translate

မြို့အချို့တွင် မြစ်ရေစိုးရိမ်ရေမှတ်အထက် ဆက်ရှိနေ
-----------------------------
ဒုဋ္ဌဝတီမြစ်၊ စစ်တောင်းမြစ်၊ ပဲခူးမြစ် နဲ့ သံလွင်မြစ်တွေဟာ စက်တင်ဘာ ၁၄ ရက် မနက် ၇ နာရီခွဲအချိန် တိုင်းထွာ ချက်တွေအရ မြစ်ငယ်၊ တောင်ငူ၊ မဒေါက်၊ ပဲခူးနဲ့ ဘားအံမြို့တွေမှာ စိုးရိမ်ရေမှတ်အထက်မှာ ဆက်ရှိနေတယ်လို့ မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာ ၁၄ ရက် မနက် ၈ နာရီခွဲ အချိန်မှာ ထုတ်ပြန်ထားပါတယ်။

ဒုဋ္ဌဝတီမြစ်ရေဟာ မြစ်ငယ်မြို့မှာ အဲ့ဒီမြို့ရဲ့စိုးရိမ်ရေမှတ် ၂၈ ဒသမ ၅၄ ပေရဲ့အထက်ကို ၃ ပေခွဲကျော် ကျော်လွန်ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၁ ပေခန့် ဆက်လက်မြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။

စစ်တောင်းမြစ်ရေဟာလည်း တောင်ငူမြို့မှာ အဲ့ဒီမြို့ရဲ့စိုးရိမ်ရေမှတ် ၁၉ ဒသမ ၆၉ပေရဲ့အထက်ကို ၇ ပေခန့် ကျော်လွန်ရောက်ရှိနေပြီး နောက်၁ရက်အတွင်း ပေဝက်ခန့်ကျဆင်းလာနိုင်ကာ စိုးရိမ်ရေမှတ်အထက်မှာ ဆက်ရှိနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့မှာ အဲ့ဒီမြို့ရဲ့စိုးရိမ်ရေမှတ် ၃၅ ဒသမ ၁၀ ပေရဲ့အထက်ကို ၂ပေခွဲခန့် ကျော်လွန်ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ပေဝက်ခန့် မြင့်တက်လာနိုင်တယ်လို့ ထုတ်ပြန် ချက်အရ သိရပါတယ်။

ပဲခူးမြစ်ရေကတော့ ပဲခူးမြို့မှာ အဲ့ဒီမြို့ရဲ့စိုးရိမ်ရေမှတ် ၂၈ ဒသမ ၈၇ပေရဲ့အထက်ကို ၁ပေခန့်ကျော်လွန် ရောက်ရှိ နေပြီး နောက်၁ရက်အတွင်း ပေဝက်ခန့်ကျဆင်းလာနိုင်ကာ စိုးရိမ်ရေမှတ်အထက်မှာ ဆက်ရှိနိုင်တယ်လို့ ဆိုပါတယ်။

သံလွင်မြစ်ရေကလည်း ဘားအံမြို့မှာ အဲ့ဒီမြို့ရဲ့ စိုးရိမ်ရေမှတ် ၂၄ ဒသမ ၆၁ ပေရဲ့အထက်ကို ၇ပေကျော် ကျော် လွန်ရောက်ရှိနေပြီး နောက်၁ရက်အတွင်း ၁ ပေခွဲခန့် မြင့်တက်လာနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထား ပါတယ်။

စက်တင်ဘာ ၁၃ ရက်အထိ နိုင်ငံတစ်ဝန်းမှာ ရေကြီးရေလျှံမှုဖြစ်ပွားနေတဲ့ မြို့နယ်ပေါင်း၃၄မြို့နယ်မှာ ရေဝင်ရောက်မှုကြောင့် ပြောင်းရွှေ့ခဲ့ရတဲ့ လူဦးရေ ၂၃၆၆၄၉ ယောက်ရှိပြီး အသက်ဆုံးရှုံးရသူ ၃၃ ဦး ရှိခဲ့တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။

image