3 w - Translate

ဒဏ်ရာကို တိုက်ဂါးဝုဒ် ထပ်မံခွဲစိတ်မှုပြုလုပ်
---------------------
မေဂျာဆုဖလား ၁၅ ကြိမ်ရရှိထားတဲ့ အမေရိကန်ဂေါ့ဖ်သမား တိုက်ဂါးဝုဒ်ဟာ နောက်ကျောဒဏ်ရာ နာကျင်မှု သက်သာစေဖို့အတွက် ခွဲစိတ်မှုတစ်ခုကို ပြီးခဲ့တဲ့ရက်ပိုင်းက ထပ်မံပြုလုပ်ခဲ့ရတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁၃ ရက်နေ့က ဖလော်ရီဒါမှာ တိုက်ဂါးဝုဒ်ရဲ့ နောက်ကျောဒဏ်ရာကို နောက်တစ်ကြိမ် ထပ်မံခွဲစိတ်ကုသခဲ့ရပြီး ခွဲစိတ်ကုသမှုအောင်မြင်ခဲ့တယ်လို့ တိုက်ဂါးဝုဒ်က သူ့ရဲ့ လူမှုကွန်ရက်မှာ အတည်ပြုခဲ့ပါတယ်။ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတဲ့ အသက် ၄၈ နှစ်အရွယ် တိုက်ဂါးဝုဒ်ဟာ အခုနှစ်အတွင်း နောက်ဆုံး ယှဉ်ပြိုင်မှုအဖြစ် ဇူလိုင်လမှာ ကျင်းပခဲ့တဲ့ သည်အိုးပင်း (The Open) ပွဲကို ဝင်ပြိုင်ခဲ့ပြီးနောက် အနားယူနေ ခဲ့တာဖြစ်ပါတယ်။

အခုလို ခွဲစိတ်ကုသမှုကြောင့် လာမယ့်နှစ်အတွင်းမှာ ဒဏ်ရာနာကျင်မှုသက်သာပြီး ပြိုင်ပွဲ တွေကို အကောင်းဆုံးဝင်ပြိုင်နိုင်ဖို့ တိုက်ဂါးဝုဒ်က မျှော်လင့်နေပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေအတွင်း တိုက်ဂါးဝုဒ်ဟာ နောက်ကျောဒဏ်ရာခွဲစိတ်ကုသမှုတွေကို ပြုလုပ်ခဲ့ရသလို ၂၀၂၁ ခုနှစ်တုန်းကလည်း ယာဉ်မတော်တဆမှုကြောင့် ပြင်းထန်တဲ့ခြေထောက်ဒဏ်ရာကို ရရှိထားခဲ့ဖူးပါတယ်။

image